ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၄
ယူကရိန်းနိုင်ငံအနေဖြင့် နေတိုးမဟာမိတ်အုပ်စုထံမှ လက်ခံရရှိမည် အက်ဖ် ၁၆ တိုက်လေယာဉ်များကို ရုရှားနိုင်ငံပိုင်နက်အတွင်းပိုင်းအထိ လွတ်လပ်စွာ အသုံးပြုခွင့်ရမည်ဖြစ်ကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘတ်ချ်က ထုတ်ဖော်ပြောဆိုလိုက်သည်။
၎င်းက ယူကရိန်းသည် ရုရှား၏ကျူးကျော်မှုများကို ကာကွယ်ရန်အတွက် ကိုယ်ကိုယ်ကို ခုခံပိုင်ဆိုင်ခွင်ရှိနေကြောင်း၊ ယူကရိန်းပိုင်နက်အပြင်ဘက်ရှိ ရုရှားစစ်ရေးပစ်မှတ်များကိုတိုက်ခိုက်ခွင့်ရှိကြောင်း ပြောသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းကို အမေရိကန်နိုင်ငံထုတ် အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီထောက်ပံ့ပေးမည်ဖြစ်ရာ နေတိုးအုပ်စုဝင်နိုင်ငံများကြား တစ်နိုင်ငံနှင့်တစ်နိုင်ငံထားရှိမည့် မူဝါဒမတူညီဘဲ မကြာခင် အပြီးသတ်ဆုံးဖြတ်သွားရဖွယ်ရှိနေကြောင်း ဂျန်စတိုတန်ဘတ်ချ်က ပြောသည်။
ယူကရိန်းသည် ရုရှားနှင့်စစ်ပွဲဖြစ်ပွားချိန်ကာလတည်းက အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီထောက်ပံ့ပေးရန် တောင်းခံခဲ့ပြီး ဒိန်းမတ်နှင့် နယ်သာလန်နိုင်ငံတို့က အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီပေးရန် ကတိပြုထားကြောင်း သိရသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းတိုက်လေယာဉ်မှုးများကို အက်ဖ် ၁၆ တိုက်လေယာဉ်များ အသုံးပြုရန်အတွက် လေ့ကျင်သင်ကြားပေးခဲ့ပြီး တိုက်လေယာဉ်မှုးအချို့၏ လေကျင့်ခန်းများ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။
နေတိုးအဖွဲ့အကြီးအကဲက ယူကရိန်းကို အားပေးထောက်ခံသော အနောက်အုပ်စုနိုင်ငံများ၏ ထောက်ခံသည့်နိုင်ငံအချို့သည် ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီထောက်ပံ့ပေးရန် ဆန္ဒရှိနေကြောင်း၊ တိုက်လေယာဉ်မှုများ၏ လေ့ကျင့်ခန်းသင်တန်းပြီးဆုံးချိန်တွင် လွှဲပြောင်းပေးဖွယ်ရှိနေကြောင်း ပြောသည်။
၎င်းက “ ကျွန်တော်တို့ဟာ ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီပေးဖို့အတွက် စစ်ရေးကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်တွေကို နားထောင်ရမယ်ထင်ပါတယ်။ မဟာမိတ်အုပ်စုတွေဟာ ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်တွေ ကူညီထောက်ပံ့ပေးဖို့ အဆင့်သင့်ဖြစ်ရင်လွှဲပြောင်းပေးမှာပါ။” ဟု ပြောသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ယူကရိန်းကို တိုက်လေယာဉ်များ ကူညီထောက်ပံ့ပေးမှုသည် ရုရှားနိုင်ငံနှင့်တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာဖွယ်ရှိနေသည်ဟု ထင်ကြေးပေးသုံးသပ်မှုများရှိနေသည်။
ကောင်းထက်ငွေ
ifpnews.com
ယူကရိန်းအနေဖြင့် နေတိုးထံမှရရှိမည့် အက်ဖ် ၁၆ များကို ရုရှားကိုတိုက်ခိုက်နိုင်မည်ဟု နေတိုးအကြီးအကဲ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်