ယူကရိန်းအစိုးရက HIV ကူးဆက်ခံနေရသူများကို စစ်မှုထမ်းရန်စီစဉ်နေ ဟုဆို

ကိဗ်၊ မေ ၆

ယူကရိန်းအစိုးရက အသစ်ရေးဆွဲနေသည့် စစ်မှုထမ်းဥပဒေမူကြမ်းထဲတွင် HIV ကူးဆက်ခံနေရသူများလည်း ပါဝင်ဖွယ်ရှိနေကြောင်း ယူကရိန်းမီဒီယာများက ဖော်ပြထားသည်။

ယူကရိန်း စစ်မှုထမ်းဥပဒေမူကြမ်းအသစ်ထဲတွင် တီဘီရောဂါရှိနေသူများ၊ ကင်ဆာရောဂါရှိနေသူများ၊ မူးယစ်ဆေးဝါးဆေးစွဲနေသူများလည်း စစ်မှုထမ်းရမည့်စာရင်းထဲ ပါဝင်ဖွယ်ရှိနေကြောင်း သိရသည်။

ယခင်စစ်မှုထမ်းဥပဒေထဲတွင် စစ်ဘက်ဆိုင်ရာဆရာဝန်များက စစ်မှုထမ်းရန်မသင့်တော်ဟု သတ်မှတ်ထားသူရှိခဲ့သော်လည်း၊ အသစ်သတ်မှတ်မည့် ဥပဒေမူကြမ်းထဲတွင် HIV ကူး ဆက််ခံထားရသူများ၊ တီဘီရောဂါရှိနေသူများ၊ ကင်ဆာရောဂါရှိနေသူများ၊ မူးယစ်ဆေးဝါးဆေးစွဲနေသူများကို ကင်းလွတ်ခွင့်ပေးဖွယ်မရှိတော့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံတွင် စစ်သားလိုအပ်ချက်များရှိနေရာ စစ်မှုထမ်းရမည့်အသက်အရွယ်ကိုလည်း ပြင်ဆင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယူကရိန်းစစ်တပ်က ၎င်းတို့အနေဖြင့် စစ်သားအရေအတွက် အများအပြားထပ်မံဖြည့်တင်းရန် ရည်ရွယ်ထားကြောင်း၊ ရှေ့တန်းစစ်မျက်နှာပြင်တွင် မောပန်းနေသည့် စစ်သားများကို အနားပေးရန်အတွက် အလှည့်ကျအသုံးပြုရန် ရည်ရွယ်ထားကြောင်း ပြောသည်။

ထိုအပြင် ယူကရိန်းစစ်တပ်က အသစ်ပြန်လည်ရေးဆွဲနေသည့် ဥပဒေမူကြမ်းထဲတွင် ယူကရိန်းစစ်သားများကို သတ်မှတ်ထားသောကာလအတွင်း ထွက်ခွင့်ပေးမည့်အချက် ထည့်သွင်းထားသော်လည်း လက်ရှီအချိန်တွင် အဆိုပါအချက်ကို ပြန်လည်ပြင်ဆင်ပြောင်းလဲရန် စဉ်းစားနေကြောင်း သိရသည်။

ယူကရိန်းအစိုးရက ရုရှားနှင့်ဖြစ်ပွားနေသည့်စစ်ပွဲ အချိန်ကြာမည်ဆိုလျှင် စစ်သားများကို ဆုတ်ခွာခွင့်ပေးမည်မဟုတ်ကြောင်း ပြောသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲက သုံးနှစ်နီးပါးအတွင်းရောက်ရှိလာချိန်တွင် ယူကရိန်းစစ်သားအနည်းဆုံး ၅ သိန်းခန့်ဆုံးရှုံးထားကြောင်း သိရသည်။

ယူကရိန်းသည် သိမ်းပိုက်ခံထားရသော နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် ရုရှားကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ရန် စီစဉ်နေကြောင်း သိရသည်။

ကောင်းထက်ငွေ

rt.com

ယူကရိန်းအစိုးရက HIV ကူးဆက်ခံနေရသူများကို စစ်မှုထမ်းရန်စီစဉ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.