ယူကရိန်းအကျဉ်းသားများလိုက်ပါလာသောလေယာဉ်ကို ယူကရိန်းစစ်တပ် ပစ်ချခဲ့ဟု ရုရှားစစ်ဘက် စွပ်စွဲ

မော်စကို၊ ဇန်နဝါရီ၊ ၂၆

ယူကရိန်းစစ်တပ်သည် ဇန်နဝါရီ ၂၄ ရက်နေ့က ရုရှားအစိုးရက ယူကရိန်းအကျဉ်းသားများကို ခေါ်ဆောင်လာသောလေယာဉ်ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ရုရှားစစ်တပ်က စွပ်စွဲပြောဆိုလိုက်သည်။

ယူကရိန်းနှင့် အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရေး လုပ်ဆောင်ရန်အတွက် ယူကရိန်းစစ်ပွဲအတွင်း ဖမ်းဆီးရမိထားသော ယူကရိန်းစစ်သား အကျဉ်းသား ၆၅ ဦး အပြင် အစောင့်သုံးဦးနှင့် လေယာဉ်မှူးငါးဦးလိုက်ပါသွားသော လေယာဉ်သည် ဇန်နဝါရီ ၂၄ ရက်နေ့တွင် ပျက်ကျသွားခဲ့ကြောင်း၊ ယင်းလေယာဉ်ပေါ်တွင် လိုက်ပါသွားသူအားလုံး သေဆုံးဖွယ်ရှိနေကြောင်း ရုရှားစစ်ဘက်က ပြောသည်။

အဆိုပါ IL-76 လေယာဉ်သည် ယူကရိန်းနှင့် ရုရှားနယ်စပ်ဒေသဖြစ်သည့် ရုရှားပိုင်နက် ဘယ်ဂိုရောဗ့်မြို့တွင် ပျက်ကျသွားခဲ့ကြောင်း ရုရှားစစ်ဘက်က ပြောသည်။

ရုရှားစစ်ဘက်က “ အကျဉ်းသားတွေ လဲလှယ်ခါနီး နာရီပိုင်းအလိုမှာပဲ အကျဉ်းသားတွေကို ခေါ်ဆောင်လာတဲ့လေယာဉ်ဟာ ဘယ်လ်ဂိုရောဗ့်မြို့မှာ ပျက်ကျသွားခဲ့တာပါ၊ ယူကရိန်းခေါင်းဆောင်တွေဟာ ဒီအဖြစ်အပျက်တွေကို ကောင်းကောင်းသိပါတယ်။ အကျဉ်းသားတွေ လဲလှယ်မယ့်အစီအစဉ်တွေကိုလည်း ရှိနေတာကိုပါ၊ ယူကရိန်းစစ်သားတွေကို သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့ ခေါ်ဆောင်လာပြီး လဲလှယ်မယ့်အစီအစဉ်ကို ယူကရိန်းအာဏာပိုင်တွေ ကြိုတင်သိရှိထားပြီးဖြစ်ပါတယ်။” ဟု ပြောသည်။

ယူကရိန်းထောက်လှမ်းရေးအဖွဲ့က ရုရှား၏စွပ်စွဲချက်များကို ငြင်းဆန်ထားပြီး၊ ရုရှားသည် အကျဉ်းသားများ ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်ပြီး အန္တရာယ်ရှိအောင်လုပ် ဆောင်ခဲ့ကြောင်း ပြောသည်။

ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံ ခါကစ်မြို့မှ ဒုံးကျည်နှစ်စင်းဖြင့် အဆိုပါလေယာဉ်ကို ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြောဆိုထားသည်။

ကောင်းထက်ငွေ

alarabiya.net/News

ယူကရိန်းအကျဉ်းသားများလိုက်ပါလာသောလေယာဉ်ကို ယူကရိန်းစစ်တပ် ပစ်ချခဲ့ဟု ရုရှားစစ်ဘက် စွပ်စွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.