ကိဗ်၊ မတ် ၂၈
ယူကရိန်းသမ္မတ ဇီလန်စကီးသည် နိုင်ငံအမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ (SNBO) အဖွဲ့အကြီးအကဲကို မတ်လ ၂၇ ရက်နေ့က ရုတ်တရက် ရာထူးမှထုတ်ပယ်လိုက်ကြောင်း သိရသည်။
ယူကရိန်းသမ္မတသည် (SNBO) အဖွဲ့အကြီးအကဲ အလက်ဆေး ဒါနီလောဗ့်ကို ရာထူးကထုတ်ပယ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်သတင်းထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း သိရ သည်။
ဒါနီလောဗ့်နေရာတွင် ယူကရိန်းနိုင်ငံခြားထောက်လှမ်းရေးအဖွဲ့အကြီးအကဲ လစ်ဗီနန်ကိုကို အစားထိုးခန့်အပ်ခဲ့ကြောင်း သိရသည်။
ယူကရိန်းသမ္မတသည် ရုရှားအပေါ် ပြုလုပ်နေသော ထိုးစစ်ဆင်တိုက်ခိုက်မှုများ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သောလအတွင်း ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ကို ရာထူးအပြောင်းအလဲလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ရုရှားနှင့် ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲသည် နှနှစ်စ်ကျော်ကြာမြင့်နေပြီး ယူကရိန်း၏တိုက်ခိုက်မှုများ မျှော်လင့်သလောက်ကောင်းမွန်မှုမရှိကြောင်း သိရသည်။
လစ်ဗီနန်ကိုသည် ယခင်က ယူကရိန်းပြည်ပထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ်တာဝန်ယူခဲ့ပြီး၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ယူကရိန်းထောက်လှမ်းရေးအဖွဲ့အကြီးအကဲ အဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။
ရာထူးမှထုတ်ပယ်ခံရသော ဒါနီလောဗ့်သည် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီအဖွဲ့ အကြီးအကဲအဖြစ်တာဝန်ယူချိန်အတွင်း စိန်ခေါ်မှုများရင်ဆိုင်ခဲ့ပြီး ၎င်း၏ပြောဆိုချက်များက ဝေဖန်စရာဖြစ်နေကြောင်း သိရသည်။
ယူကရိန်းသည် ရုရှားနိုင်ငံနှင့်ဖြစ်ပွားနေသည့်စစ်ပွဲအတွင်း ရလဒ်များမကောင်းသည့်အတွက် စစ်ဘက်နှင့်ထောက်လှမ်းရေးတာဝန်ရှိသူများကို မကြာခဏထုတ်ပယ်နေကြောင်း သိရသည်။
ကောင်းထက်ငွေ
ukrinform.net
ယူကရိန်းသမ္မတက အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီအကြီးအကဲကို ရာထူးမှထုတ်ပယ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်