ယူကရိန်းနိုင်ငံ ငြိမ်းချမ်းစေရန် တစ်ကမ္ဘာလုံး ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆို

အန်ကာရာ၊ ဇွန် ၁၈

ယူကရိန်းနိုင်ငံ ငြိမ်းချမ်းမှုများပြန်လည်ရရှိစေရန် တစ်ကမ္ဘာလုံး ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက ထုတ်ဖော်ပြောဆိုလိုက်သည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲကအချိန် ၃ နှစ်အတွင်းရောက်ရှိလာချိန်တွင် အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ်က “ လက်ရှိအနေထားကို အတင်းကြပ်အကျပ်ကိုင်ပြီး တစ်ဖက်သတ်ပြောင်းလဲဖို့ ကြိုးပမ်းမှုတိုင်း အောင်မြင်မှာမဟုတ်ဘူး။ အဲဒီလုပ်ရပ်တွေကို လက်ခံမှာမဟုတ်ဘူး။” ဟု ပြောသည်။

ဂျပန်ဝန်ကြီးချုပ်သည် ဆွတ်ဇာလန်နိုင်ငံတွင်ကျင်းပနေသော ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးအစည်းဝေးအတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာအဖွဲ့စည်းပေါင်း အ နည်းဆုံး ၉၀ ကျော်တက်ရောက်ခဲ့သော်လည်း ရုရှားနှင့် တရုတ်နိုင်ငံတို့မှ အစိုးရတာဝန်ရှိသူများ တက်ရောက်ခြင်းမရှိကြောင်း ပြောသည်။

ဂျပန်အစိုးရအနေဖြင့် ယူကရိန်းကို စစ်လက်နက်ပစ္စည်းနှင့် မသက်ဆိုင်သောကိစ္စများကို အားပေးကူညီမည်ဖြစ်ကြောင်း၊ စစ်ရေးဆိုင်ရာကိစ္စများကို ကူညီမည်မဟုတ်ကြောင်း ဝန် ကြီးချုပ် ကီရှီဒါက ထပ်မံပြောဆိုခဲ့သည်။

ဂျပန်အစိုးရအနေဖြင့် ယူကရိန်းနိုင်ငံတွင် မြေမြှုပ်မိုင်းရှင်းလင်းရေး၊ လျှပ်စစ်မီးရအောင်ကူညီထောက်ပံ့ရေး စသောကိစ္စရပ်များကို ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းသမ္မတ ရုရှား၏ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းမှုများကို မယုံကြည်သည့်အတွက် ငြင်းဆန်ပယ်ချထားကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးလိုလျှင် ရုရှားတပ်ဖွဲ့ဝင်များ ပြန်လည်ရုတ်သိမ်းရမည်ဖြစ်သလို ယူကရိန်းပိုင်နက်များ ပြန်လည်ပေးရမည်ဖြစ်ကြောင်း ပြောသည်။

ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးတက်ရောက်ရန် ရုရှားအစိုးရကို ဖိတ်ကြားခဲ့ခြင်းမရှိသည့်အတွက် တရုတ်အပါအဝင် ရုရှားနှင့်နီးစပ်သောနိုင်ငံအချိုက ကိုယ်စားလှယ်များစေလွှတ်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

aa.com.tr/en

ယူကရိန်းနိုင်ငံ ငြိမ်းချမ်းစေရန် တစ်ကမ္ဘာလုံး ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.