ယူကရိန်းစစ်ရှုံးမည်ဖြစ်ပြီး ရုရှားက ယူကရိန်းတစ်နိုင်ငံလုံးကို သိမ်းပိုက်သွားဖွယ်ရှိနေဟု ဒေါ်နယ်ထရမ့် ဆို

ဝါရှင်တန်၊ ဇွန် ၂၈

ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် အနိုင်ရဖွယ်မရှိကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဒေါ်နယ်ထရမ့်သည် ဇွန်လ ၂၇ ရက်နေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့်ပြုလုပ်သော စကားစစ်ထိုးပွဲတွင် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတဟောင်းက “ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲအတွင်း ဆိုးရွားတဲ့ဘက်က ရပ်တည်နေတယ်။ ဘာကြောင့်လဲဆိုရင် ဒီစစ်ပွဲမှာ ယူကရိန်းဟာ ရုရှားကိုအနိုင်ရမှာမဟုတ်ဘူး။ စစ်ပွဲအချိန်ကြာလာမည်ဆိုရင် ရုရှားက ယူကရိန်းတစ်နိုင်ငံလုံးကို သိမ်းသွားဖွယ်ရှိတယ်။” ဟု ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားကို တစ်ဖက်သတ်ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ပြီး ယူကရိန်းကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာ ကူညီထောက်ပံ့ပေးနေရာ ဝေဖန်မှုများမြင့်တက်နေသည်။

အမေရိကန်သမ္မတသည် ပြီးခဲ့သောသီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံကို စစ်ရေးအကူညီပေးနိုင်ရန် လုံခြုံရေးသဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ယူကရိန်းနှင့် ရုရှားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းကူညီထောက်ပံ့ပေးမှု အများဆုံးပြုလုပ်နေသော နိုင်ငံများစာရင်းတွင် ထိပ် ဆုံးမှာပါဝင်နေကြောင်း သိရသည်။

ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံရေးပါတီများကြားတွင် သဘောထားကွဲလွဲနေကြောင်း သိရသည်။

ကောင်းထက်ငွေ

tass.com/world

ယူကရိန်းစစ်ရှုံးမည်ဖြစ်ပြီး ရုရှားက ယူကရိန်းတစ်နိုင်ငံလုံးကို သိမ်းပိုက်သွားဖွယ်ရှိနေဟု ဒေါ်နယ်ထရမ့် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.