ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားကိုကူညီပေးသည့် တရုတ်ကုမ္မဏီများကို ပိတ်ဆို့မှုချမှတ်မည်ဟု အမေရိကန်အစိုးရ သတိပေး

ဝါရှင်တန်၊ ဧပြီ ၂၄

အမေရိကန်အစိုးရသည် ယူကရိန်းစစ်ပွဲနှင့်ဆက်နွယ်ပြီး ရုရှားနိုင်ငံကို ကူညီထောက်ပံ့ပေးနေသည့် တရုတ်ကုမ္မဏီများကို ပစ်မှတ်ထားကာ ကမ္ဘာဘဏ္ဍာရေးစနစ်နှင့် အဆက်သွယ်ဖြတ်တောက်စေရန် ပိတ်ဆို့မှုများချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်ကုမ္မဏီများကို ရုရှားစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္မဏီများအား ကူညီထောက်ပံ့ပေးနေသော အကူအညီများရပ်တန့်သွားစေရန် မျှော်လင့်ထားသည်ဟုလည်း အမေရိကန်အစိုးရက ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ရုရှားကာကွယ်ရေးလုပ်ငန်းများကို ကူညီထောက်ပံ့ပေးမှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို ဝေဖန်ပြစ်တင်မှုများ လုပ်ဆောင်ခဲ့သည့်အပြင် ယူကရိန်းစစ်ပွဲတွင် ရုရှားကိုကူညီထောက်ပံ့ပေးနိုင်ရန် တရုတ်အစိုးရက တရုတ်ကုမ္မဏီများမှတဆင့် ကူညီပေးနေကြောင်း ပြောဆိုထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်သည် တရုတ်နိုင်ငံသို့ လာမည့်ရက်ပိုင်းအတွင်း ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ရာ ယင်းခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ဆက်ဆံရေးအပြင် တောင်တရုတ်ပင်လယ်အရေး၊ ထိုင်ဝမ်အရေး၊ အရှေ့အလယ်ပိုင်းဒေသအတွင်းအရေးကိစ္စ၊ မြောက်ကိုရီးယားနှင့် မြန်မာ့အရေးကိစ္စများကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အမေရိကန်အစိုးရက တရုတ်အစိုးရကို ရုရှားနိုင်ငံအား ကူညီထောက်ပံ့ပေးမှုများ မလုပ်ဆောင်ရန်နှင့် ကူညီပေးမည်ဆိုလျှင် ပြင်းထန်သောပိတ်ဆို့မှုများ ချမှတ်ခံရမည်ဟု သတိပေးခဲ့ဖူးသည်။

အမေရိကန်အစိုးရသည် ရုရှားကို ကူညီထောက်ပံ့ပေးမှုများနှင့်ပတ်သက်ပြီး တရုတ်ကုမ္မဏီများကို ပိတ်ဆို့မှုချမှတ်ရန် စဉ်းစားနေသော်လည်း အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

ကောင်းထက်ငွေ

alarabiya.net/News

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားကိုကူညီပေးသည့် တရုတ်ကုမ္မဏီများကို ပိတ်ဆို့မှုချမှတ်မည်ဟု အမေရိကန်အစိုးရ သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.