ယူကရိန်းစစ်ပွဲတွင် အိန္ဒိယနိုင်ငံသားများ ရုရှားဘက်မှပါဝင်တိုက်ခိုက်ရန် လက်မှတ်ရေးထိုးထားကြောင်း အိန္ဒိယအစိုးရ အတည်ပြု

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၅

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံသားအချို့သည် ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံဘက်မှ ပါဝင်တိုက်ခိုက်ရန်အတွက် လက်မှတ်ရေးထိုးခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲအတွင်းပါဝင်မည့် အိန္ဒိယနိုင်ငံသားအရေအတွက်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက “ အိန္ဒိယနိုင်ငံသားတွေဟာ ရုရှားစစ်တပ်ကို အားပေးထောက်ခံမှုနဲ့ အလုပ်လုပ်ဖို့အတွက် လက်မှတ်ရေးထိုးခဲ့တယ်။” ဟု ပြောသည်။

ဒူးဘိုင်းအခြေစိုက် လူသစ်စုဆောင်ရေးအုပ်စုများသည် အိန္ဒိယနိုင်ငံသားများကို တရားမဝင်လူသစ်စုဆောင်းပြီး ရုရှားနိုင်ငံကူးလက်မှတ်ထုတ်ပေးကာ ရုရှားနိုင်ငံကို ပို့ဆောင်ခြင်းများရှိခဲ့ကြောင်း အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။

အိန္ဒိယနိုင်ငံသားများကို ရုရှားစစ်တပ်မှ လက်နက်နှင့်ကျည်ဆံများအသုံးပြုတတ်စေရန် သင်ကြားပေးပြီး ရှေ့တန်းသို့ ပို့ဆောင်ခြင်းများရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူး သည်။

ပြီးခဲ့သောနှစ်အတွင်း အိန္ဒိယနိုင်ငံသား အနည်းဆုံး ၁၀၀ ခန့် ရုရှားစစ်တပ်အတွက် စစ်တိုက်ပေးရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်

အိန္ဒိယသံရုံးက “ ရုရှားနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးဟာ ရုရှားအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး စစ်မှုထမ်းနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို စောစီးစွာ စစ်မှုထမ်းခြင်းက အနားယူခွင့်ပေးဖို့ ဆွေးနွေးနေတယ်။ အိန္ဒိယနိုင်ငံသားအားလုံးကိုလည်း လက်ရှိအချိန်မှာ စစ်ပွဲတွေနဲ့ခပ်ဝေးဝေးရှောင်ဖို့ တိုက်တွန်းနေတယ်။” ဟုပြောသည်။

နီပေါအစိုးရသည် ပြီးခဲ့သောလတွင် နီပေါနိုင်ငံသားများကို ရုရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် ပိတ်ပင်မှုထုတ်ပြန်ခဲ့ကြောင်း၊ ပြီးခဲ့သောနှစ်အတွင်း နီပေါနိုင်ငံသား အ နည်းဆုံး ၁၀ ဦးခန့် တိုက်ပွဲတွင်ကျဆုံးခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

dhakatribune.com

ယူကရိန်းစစ်ပွဲတွင် အိန္ဒိယနိုင်ငံသားများ ရုရှားဘက်မှပါဝင်တိုက်ခိုက်ရန် လက်မှတ်ရေးထိုးထားကြောင်း အိန္ဒိယအစိုးရ အတည်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.