ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် တက်ရောက်မည်မဟုတ်

ဝါရှင်တန်၊ ဇွန် ၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ယခုလအတွင်းကျင်းပမည့် ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို ကိုယ်တိုင်တက်ရောက်မည်မဟုတ်ဘဲ ဒုတိယသမ္မတဖြစ်သူနှင့် အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်တို့ကို ကိုယ်စားတက်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။

ဂျိုးဘိုင်ဒန်သည် အမေရိကန်နိုင်ငံတွင်ကျင်းပမည့် Hollywood fundraiser အခမ်းနားပွဲကို တက်ရောက်မည်ဖြစ်သည့်အတွက် ဆွတ်ဇာလန်နိုင်ငံတွင်ကျင်းပမည့် ယူကရိန်းငြိမ်း ချမ်းရေးထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်ငြင်းဆန်လိုက်ခြင်းဖြစ်သည်။

အမေရိကန်ဒုတိယသမ္မတတစ်ဦးဖြစ်သော ကာမာလာ ဟာရစ်သည် အဆိုပါအစည်းအဝေးကို ဦးဆောင်တက်ရောက်မည်ဖြစ်ပြီး၊ ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲ အဆုံးသတ်နိုင်ရန်အတွက် အဆိုပြုချက်များကို တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို ဆွတ်ဇာလန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး၊ ကမ္ဘာတဝှမ်းမှခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည်။

သို့သော်လည်း ရုရှားနိုင်ငံကို ဖိတ်ကြားခြင်းမရှိသည့်အတွက် အငြင်းပွားမှုများရှိနေရာ တရုတ်အပါအဝင် BRICS အဖွဲ့ဝင်နိုင်ငံများ၏ခေါင်းဆောင်များ တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း အမေရိကန်သမ္မတသည် ယခုသီတင်းပတ်အတွင်း ဥရောပတိုက်သို့သွားရောက်မည်ဖြစ်ကြောင်း၊ ဇွန်လ ၁၃ရက် နေ့မှ ၁၅ ရက်နေ့အထိ အီတလီနိုင်ငံသို့ ထပ်မံသွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်သည် ယူကရိန်းကို ခေတ်မီလက်နက်များ အဓိကကူညီထောက်ပံ့ပေးနေသည့်နိုင်ငံများတွင်ပါဝင်နေရာ ၎င်းတို့ကူညီပေးထားသည့်လက်နက်များအသုံးပြုပြီး ရုရှားပိုင် နက်များကိုတိုက်ခိုက်ရန် ခွင့်ပြုပေးလိုက်ပြီးနောက် တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။

ကောင်းထက်ငွေ

nypost.com

ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် တက်ရောက်မည်မဟုတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.