ယူကရိန်းက အမေရိကန်နှင့်လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဥရောပသမဂ္ဂနှင့် လုံခြုံရေးသဘောတူညီမှုစာချုပ် ထပ်မံချုပ်ဆို

ကိဗ်၊ ဇွန် ၂၈

ယူကရိန်းနိုင်ငံသည် ဥရောပသမဂ္ဂနှင့် လုံခြုံရေးသဘောတူညီမှုစာချုပ် ထပ်မံလက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

ယူကရိန်းသည် ပြီးခဲ့သောသီတင်းပတ်တွင် အမေရိကန်နှင့် လုံခြုံရေးသဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဥရောပသမဂ္ဂနှင့် လုံခြုံရေးသဘောတူညီမှုစာချုပ် လက် မှတ်ရေးထိုးခဲ့ပြီး ဥရောပသမဂ္ဂက ယူကရိန်းနိုင်ငံကို စစ်ရေးအကူညီပေးရမည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းသည် ၂၀၂၃ ခုနှစ်နောက်ပိုင်းတည်းက ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီအပါအဝင် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေးသဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ရာ လက်ရှိအချိန်တွင် ဥရောပသမဂ္ဂနှင့် ပိုမိုကောင်းမွန်သော လုံခြုံရေးသဘောတူညီမှုစာချုပ် ထပ်မံလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသည် ရုရှားနှင့်စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်းတည်းက အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများထံမှ စစ်ရေးအကူညီများ ပိုမိုရရှိရန်ကြိုးပမ်းခဲ့ရာ လုံခြုံရေးသ ဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ယူကရိန်းသမ္မတက “ ကျွန်တော်တို့ဟာ ဥရောပသမဂ္ဂနဲ့ လုံခြုံရေးကတိကဝတ်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်တယ်။ လစ်သူယေးနီးယား၊ အက်စတိုနီးယားနိုင်ငံတို့နဲ့လည်း လုံ ခြုံရေးသဘောတူညီမှုစာချုပ်တွေ လက်မှတ်ရေးထိုးခဲ့တယ်။ ဥရောပတိုက်အတွင်းရှိ အခြားနိုင်ငံတွေကိုလည်း ကျွန်တော်တို့နိုင်ငံနဲ့ လုံခြုံရေးသဘောတူစာချုပ်တွေချုပ်ဆိုဖို့ ဖိတ်ခေါ်ပါတယ်။” ဟု ပြောသည်။

ဥရောပသမဂ္ဂနှင့်ချုပ်ဆိုခဲ့သော လုံခြုံရေးသဘောတူစာချုပ်အရ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံစလုံးသည် ယူကရိန်းကို ကူညီထောက်ပံ့ပေးရန် အလားလာပိုမိုကောင်းမွန်လာခဲ့ကြောင်း ယူကရိန်းသမ္မတက ပြောသည်။

အဆိုပါလုံခြုံရေးသဘောတူစာချုပ်တွင် ယူကရိန်းစစ်သားများကို လေ့ကျင့်သင်ကြားပေးရေး၊ စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းကူညီပေးရေးအပါအဝင် လုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒဆိုင်ရာ ကဏ္ဍ ၉ ခုတွင် ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်သွားမည့်အချက်များ ပါဝင်နေသည်။

ဥရောပသမဂ္ဂသည် ရုရှားနှင့်စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ အဓိကကူညီပေးနေသည့် အဖွဲ့စည်း၊ နိုင်ငံများထဲတွင်ပါဝင်နေကြောင်း သိရသည်။

ရုရှားနှင့် ယူကရိန်းနိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲက အချိန် ၃ နှစ်အတွင်းရောက်ရှိလာချိန်တွင် အပစ်အခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ကောင်းထက်ငွေ

euronews.com

ယူကရိန်းက အမေရိကန်နှင့်လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဥရောပသမဂ္ဂနှင့် လုံခြုံရေးသဘောတူညီမှုစာချုပ် ထပ်မံချုပ်ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.