မော်စကို၊ မတ် ၁၁
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz တို့ ဆော်ဒီအာရေဗျတွင် ရုရှားနှင့်စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုများပြုလုပ်နေစဉ် ယူကရိန်းနိုင်ငံက မော်စကိုမြို့တော်ကို အပြင်းထန်ဆုံး ဒရုန်းတိုက်ခိုက်မှုကို အင်္ဂါနေ့ကပြုလုပ်ခဲ့သည်။
မော်စကိုတွင် ဒရုန်း ၉၁ စင်းနှင့် ယူကရိန်းနယ်စပ်ရှိ Kursk ဒေသတွင် ဒရုန်း ၁၂၆ စင်းအပါအဝင် ရုရှားနိုင်ငံအပေါ် အင်္ဂါနေ့က စုစုပေါင်းဒရုန်း ၃၃၇ စင်း ပစ်ချခံခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကား၍ Reuters သတင်းတွင် ဖော်ပြထားသည်။

မော်စကိုအခြေစိုက် အသားထုတ်လုပ်သူ Miratorg က ၎င်း၏ဝန်ထမ်းနှစ်ဦးသည် အပျက်အစီးများ ပြုတ်ကျမှုကြောင့် သေဆုံးခဲ့ပြီး၊ လူနေအိမ်အဆောက်အအုံများထိမှန်ကာ နောက်ထပ်ကလေးသုံးဦးအပါအဝင် အခြားလူ ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
တိုက်ခိုက်မှုအပြီး ရုရှားနိုင်ငံ၌ ရိုက်ကူးထားသော ဓာတ်ပုံများတွင် မော်စကို၏လေဆိပ်လေးခုကို ယာယီပိတ်ထားပြီး၊ ကားများနှင့် တိုက်ခန်းအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ပြသခဲ့သည်။
ယူကရိန်းကို တုံ့ပြန်သည့်အနေဖြင့် ရုရှားက ပဲ့ထိန်းဒုံးကျည် ၁၂၆ စင်းနင့် ဒရုန်း ၁၂၆ စင်း ပစ်လွှတ်ခဲ့ကြောင်း သိရသည်။
Ref: Fox News
#ယနေ့ခေတ်
ယူကရိန်းက မော်စကိုကို ဒရုန်းများနှင့် အပြင်းအထန်တိုက်ခိုက် နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်