ယူကရိန်းကို ရုရှားတပ်ဖွဲ့များ ကြီးမားသောထိုးစစ်ဆင်မှုများ ထပ်မံပြုလုပ်

ကိဗ်၊ မေ ၁၄

ရုရှားစစ်တပ်သည် ယူကရိန်းနိုင်ငံအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုအသစ်များ ထပ်မံလုပ်ဆောင်လျက်ရှိနေကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ယူကရိန်းသမ္မတက ရုရှားစစ်တပ်သည် ယူကရိန်းနိုင်ငံ၊ ခါကောဗ့်ဒေသကို ကြီးမားသော ထိုးစစ်ဆင်တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း ပြောသည်။

ရုရှားစစ်တပ်များသည် Volchansk မြို့အနီးရှိ ယူကရိန်းတပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းသမ္မတက အတည်ပြုပြောဆိုထားသည်။

ယူကရိန်းသမ္မတက အဆိုပါအရပ်ဒေသရှိ ရုရှားတပ်ဖွဲ့များကို တိုက်ထုတ်နိုင်ရန် ပြင်ဆင်မှုများလုပ်ဆောင်ထားရန် အမိန့်ပေးထားကြောင်း သိရသည်။

ယူကရိန်းမီဒီယာအချို့က ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနှင့် ရုရှားနယ်စပ်ဒေသရှိ စစ်အခြေစိုက်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းယူခြင်းများရှိနေကြောင်း ဖော်ပြထးသည်။

ရုရှားတပ်ဖွဲ့ဝင်များသည် ယူကရိန်းနှင့် နယ်စပ်ချင်းထိစပ်သော ၃၀ စတုရန်းကီလိုမီတာအတွင်းရှိ အရပ်ဒေသများကို သိမ်းယူခဲ့ကြောင်း ယူကရိန်းဂျာနယ်လစ်တစ်ဦးက ပြောသည်။

ရုရှားသည် ယူကရိန်း၏ တန်ပြန်တိုက်ခိုက်မှုများကို လအတန်ကြာရင်ဆိုင်ခဲ့ရပြီးနောက် လက်ရှိအချိန်တွင် ယူကရိန်းတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြန်လည်လုပ် ဆောင်လာခြင်းဖြစ်သည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲက ၃ နှစ်နီးပါးကြာမြင့်နေသော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲများဆက် လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

ယူကရိန်းသည် သိမ်းပိုက်ခံထားရသော နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် ရုရှားတပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း လက်ရှိအချိန်အထိ ရလဒ်ကောင်းများရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ကောင်းထက်ငွေ

rt.com

ယူကရိန်းကို ရုရှားတပ်ဖွဲ့များ ကြီးမားသောထိုးစစ်ဆင်မှုများ ထပ်မံပြုလုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.