ဝါရှင်တန်၊ နိုဝင်ဘာ ၂၁
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ယူကရိန်းနိုင်ငံကို မြေမြှုပ်မိုင်းများထောက်ပံ့ပေးရန် ခွင့်ပြုလိုက်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထုတ် ဖော်ပြောဆိုလိုက်သည်။
အမေရိကန်အစိုးရသည် မြေမြှုပ်မိုင်းများကို ယူကရိန်းနိုင်ငံအတွက် မကြာမီလွှဲပြောင်းပေးဖွယ်ရှိနေပြီး ယူကရိန်းနိုင်ငံပိုင်နက်အတွင်းသာ အသုံးပြုခွင့်ပေးဖွယ်ရှိနေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောသည်။
သမ္မတဘိုင်ဒန်အစိုးရသည် သက်တမ်းမကုန်ဆုံးခင် ယူကရိန်းနိုင်ငံကို တာဝေးပစ်ဒုံးကျည်များ အသုံးပြုခွင့်ပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် မြေမြှုပ်မိုင်းများ ထပ်မံလွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မြေမြှုပ်မိုင်းများအသုံးပြုခြင်းကို နိုင်ငံတကာအဖွဲ့အစည်းများ တားမြစ်ထားသော်လည်း လက်ရှိအချိန်အထိ ကမ္ဘာတဝှမ်းတွင်ဖြစ်ပွားနေသော စစ်ပွဲများတွင် အသုံးပြုနေဆဲဖြစ်ပြီး၊ ယူကရိန်းနှင့် ရုရှားစစ်ပွဲတွင်လည်း နှစ်ဖက်စလုံးအသုံးပြုနေကြောင်း သိရသည်။
ရုရှားနှင့် ယူကရိန်းနိုင်ငံကြား စစ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာနေခြင်းကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကိဗ့်မြို့ရှိအမေရိကန်သံရုံးကို ပိတ်ထားရကြောင်း သိရ သည်။
ယူကရိန်းနိုင်ငံ၊ ကိဗ့်မြို့ကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြင့်လုပ်ဆောင်ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ် လာခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီဌာနက ယူကရိန်းနိုင်ငံသားများကို သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက “ သံရုံးကိုပိတ်ထားရတယ်။ သံရုံးဝန်ထမ်းတွေကိုလည်း အကာအကွယ်ရှိတဲ့နေရာမှာနေထိုင်ဖို့ ညွန်ကြားထားတယ်။” ဟု ပြောသည်။
ကောင်းထက်ငွေ
bbc.com
ယူကရိန်းကို မြေမြှုပ်မိုင်းများပေးပို့ရန် သမ္မတဂျိုးဘိုင်ဒန် သဘောတူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်