ယူကရိန်းကို မော်စကိုမြို့အပါအဝင် ရုရှားပိုင်နက်အတွင်းပိုင်းကို အမေရိကန်ထုတ်လက်နက်များဖြင့် တိုက်ခိုက်ခွင့်မပြုဟု သမ္မတဂျိုးဘိုင်ဒန် ဆို

ဝါရှင်တန်၊ ဇွန် ၇

ယူကရိန်းကို ရုရှားနိုင်ငံမြို့တော်မော်စကိုမြို့အပါအဝင် ရုရှားပိုင်နက်အတွင်းပိုင်းကို တိုက်ခိုက်ရာတွင် အမေရိကန်ထုတ် တာဝေးပစ်လက်နက်များ အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ရုရှားပိုင်နက်များကို တိုက်ခိုက်ရန်အတွက် ယူကရိန်းကို အမေရိကန်နိုင်ငံထုတ် တာဝေးပစ်လက်နက်များ အသုံးပြုခွင့်ပေးခဲ့သည်ဆိုသောသတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတသည် ပြီးခဲ့သောရက်ပိုင်းကပြုလုပ်ခဲ့သော အင်တာဗျူးအစီအစီစဉ်တွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အနောက်အုပ်စုနိုင်ငံထုတ် တာဝေးပစ်လက်နက်များကို ရုရှားပိုင်နက်များအတွင်း တိုက်ခိုက်ရန်ခွင့်ပြုပေးမည်ဆိုသောအချက်နှင့်ပတ်သက်ပြီး ရုရှားနှင့် အနောက်အုပ်စုနိုင်ငံများကြားလည်း တင်းမာမှုများပိုမိုဖြစ်လာနေသည်။

ရုရှားသမ္မတက ၎င်းတို့အနေဖြင့် အနောက်အုပ်စုကို တိုက်ခိုက်ရန် လိုလားနေသည့်နိုင်ငံများကို လက်နက်များ တပ်ဆင်ပေးမည်ဟု ပြီးခဲ့သောရက်ပိုင်းတွင် ပြောဆိုခဲ့သည်။

အမေရိကန်သမ္မတက “ ကျွန်တော်တို့ဟာ ရုရှားကိုအမေရိကန်ထုတ်လက်နက်တွေ အသုံးပြုပြီး ရုရှားပိုင်နက်တွေကို တိုက်ခိုက်ဖို့ ခွင့်ပြုခဲ့တယ်။ ဒါပေမယ့် ရုရှားပိုင်နက်အတွင်းကို မဟုတ်ဘဲ နယ်စပ်ဒေသက စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ ခွင့်ပြုခဲ့တာမျိုးပါ၊ အထူးသဖြင့် ရုရှားဟာ နယ်စပ်ဒေသကနေ ယူကရိန်းပိုင်နက်တွေကို တိုက်ခိုက်ချိန်မှာ ယူက ရိန်းကလည်း နယ်စပ်ဒေသမှာရှိနေတဲ့ ရုရှားစစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ ခွင့်ပြုပေးခဲ့တဲ့ သဘောမျိုးပါ၊ ရုရှားပိုင်နက် မိုင် ၂၀၀ ကျော်အတွင်းကို တိုက်ခိုက်ဖို့ ယူကရိန်းကို အမေရိကန်ထုတ်လက်နက်တွေ အသုံးပြုခွင့်ပေးမှာမဟုတ်ဘူး။” ဟု ပြောသည်။

သို့သော်လည်း အမေရိကန်သမ္မတက ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနယ်စပ်ဒေသရှိ စစ်ရေးအခြေစိုက်စခန်းများကို တိုက်ခိုက်ရာတွင်အမေရိကန်ထုတ်လက်နက်များကို အကန့်အ သတ်ဖြင့်သာ သုံးခွင့်ရမည်ဖြစ်ကြောင်း ထပ်မံပြောဆိုထားသည်။

ကောင်းထက်ငွေ

apnews.com

ယူကရိန်းကို မော်စကိုမြို့အပါအဝင် ရုရှားပိုင်နက်အတွင်းပိုင်းကို အမေရိကန်ထုတ်လက်နက်များဖြင့် တိုက်ခိုက်ခွင့်မပြုဟု သမ္မတဂျိုးဘိုင်ဒန် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.