ယူကရိန်းကို စစ်သားများစေလွှတ်မည်ဆိုလျှင် နေတိုးအုပ်စုနှင့် တိုက်ရိုက်စစ်ပွဲဖြစ်လာနိုင်ဟု ရုရှားအစိုးရ ဆို

မော်စကို၊ ဖေဖော်ဝါရီ ၂၇

အမေရိကန်ဦးဆောင်သည့် နေတိုးမဟာမိတ်အုပ်စုသည် ယူကရိန်းနိုင်ငံအတွက် စစ်သားများစေလွှတ်ကူညီမည်ဆိုပါက နေတိုးအုပ်စုနှင့် ရုရှားနိုင်ငံကြား ပဋိပက္ခများဖြစ်လာဖွယ်ရှိကြောင်း ရုရှားအစိုးရက သတိပေးလိုက်သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီပေးမှုအတွက် ရုရှားနှင့် နေတိုးအုပ်စုကြား အငြင်းပွားမှုများ၊ အပြန်အလှန်ဝေဖန်ပြစ်တင်မှုများ အရှိန်မြင့်လာခဲ့ကြောင်း သိရသည်။

ယူကရိန်းစစ်ပွဲနဲ့ဆက်နွယ်ပြီး ရုရှားနှင့် နေတိုးအုပ်စု၏ဆက်ဆံရေးသည် ၁၉၆၂ ခုနှစ်ကဖြစ်ပွားခဲ့သော ကျူးဘားဒုံးကျည်ပြဿနာဖြစ်လာခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်လာခဲ့သည်။

ရုရှားသမ္မတပူတင်ကိုယ်တိုင်ကလည်း ယူကရိန်းစစ်ပွဲနှင့်ဆက်နွယ်ပြီး နေတိုးအုပ်စုနှင့် ရုရှားနိုင်ငံကြား ထိပ်တိုက်တွေ့ဆုံလာဖွယ်ရှိကြောင်း အစောပိုင်းတည်းက ကြိုတင်သတိပေးထားပြီးဖြစ်သည်။

ပြင်သစ်သမ္မတ မက်ခရွန်က နေတိုးအုပ်စုဟာ ယူကရိန်းကို နေတိုးအုပ်စုဝင်နိုင်ငံများ၏ တပ်ဖွဲ့ဝင်များ စေလွှတ်ကောင်းစေလွှတ်ဖွယ်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အငြင်းပွားမှုများဖြစ်လာခဲ့ကြောင်း သိရသည်။၊

ရုရှားအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမိထရီ ပက်ကောဗ့်က “ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းကို တပ်ဖွဲ့ဝင်တွေစေလွှတ်ဖို့ ဆွေးနွေးမှုတွေဟာ အလွန်အရေးကြီးတဲ့ အစီ အစဉ်အသစ်တစ်ခုပါ။ ဒါပေမယ့် နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းကို တပ်ဖွဲ့ဝင်တွေစေလွှတ်နိုင်ချေနဲ့ပတ်သက်ပြီး မဆွေးနွေးလိုဘူး။ ဒါပေမယ့် နေတိုးအုပ်စုဟာ ယူကရိန်းကို နေတိုးအုပ်စုဝင်နိုင်ငံတွေက စစ်သားတွေစေလွှတ်မယ်ဆိုရင် တိုက်ရိုက်စစ်ပွဲဖြစ်လာနိုင်တယ်။” ဟု ပြောသည်။

နေတိုးအုပ်စုသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီပေးရုံသာမက ယူကရိန်းတပ်ဖွဲ့ဝင်များကို စစ်ရေးလေ့ကျင့်ခန်းများနှင့် စစ်လက်နက်ပစ္စည်းများ အသုံးပြုပုံများကိုသာသင်ကြားပေးခဲ့ကြောင်း သိရသည်။

ရုရှားနှင့် နေတိုးအုပ်စုခေါင်းဆောင် အမေရိကန်တို့သည် ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက် အများဆုံးပိုင်ဆိုင်ထားသောနိုင်ငံများဖြစ်ကြောင်း၊သိရသည်။အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုယ်တိုင်ကရုရှားနှင့် နေတိုးအုပ်စုကြား ပဋိပက္ခဖြစ်လာမည်ဆိုလျှင် တတိယကမ္ဘာစစ်အထိဦးတည်လာဖွယ်ရှိတယ်လို့ အစောပိုင်းက ပြောဆိုခဲ့ဖူးသည်။

ကောင်းထက်ငွေ

alarabiya.net

ယူကရိန်းကို စစ်သားများစေလွှတ်မည်ဆိုလျှင် နေတိုးအုပ်စုနှင့် တိုက်ရိုက်စစ်ပွဲဖြစ်လာနိုင်ဟု ရုရှားအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.