ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန် စဉ်းစားနေဟု တောင်ကိုရီးယားအစိုးရ ဆို

ဆိုးလ်၊ ဇွန် ၂၄

တောင်ကိုရီးယာ အးမျိုးသားလုံခြုံရေးအကြံပေးအရာရှိက ရုရှားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးပြီး သတ်မှတ်ထားသောစည်း မျဉ်းကို ချိုးဖောက်ဖွယ်ရှိနေကြောင်း၊ ရုရှား၏လုပ်ရပ်များကြောင့် တောင်ကိုရီးယားနိုင်ငံအနေဖြင့်လည်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ချန်ဟိုဂျင်က “ အရာရာတိုင်းဟာ ရုရှားနိုင်ငံရဲ့လုပ်ရပ်တွေအပေါ် မူတည်နေတယ်။ ရုရှားဟာ မြောက်ကိုရီးယားကို စစ်လက် နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးလာမယ်ဆိုရင် ကျွန်တော်တို့ကလည်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးဖို့ စဉ်းစားမယ်။” ဟု ပြောသည်။

ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ခြင်းသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်းဖြစ်ဖွယ်ရှိနေကြောင်း ၎င်းက ပြောသည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် အငြင်းပွားမှုများဖြစ်ပွားနေရာ တင်းမာမှုများလည်းဖြစ်ပွားနေပြီး ရုရှားက မြောက်ကိုရီးယားနိုင်ငံစစ်ဖြစ်မည်ဆိုလျှင် မြောက်ကိုရီးယားကို စစ်ရေးကူညီပေးမည့်စာချုပ်ကို ပြီးခဲ့သောရက်ပိုင်းတွင် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံက မြောက်ကိုရီးယားကို ခေတ်မီလက်နက်များ ကူညီထောက်ပံ့ပေးမည်ဆိုလျှင် တောင်ကိုရီးယားနှင့် ရုရှားနိုင်ငံ၏ဆက်ဆံရေးအပြောင်းအလဲဖြစ်လာဖွယ်ရှိနေကြောင်း တောင်ကိုရီးယားအစိုးရက ထပ်မံသတိပေးခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်စေရန် လိုလားမည်ဆိုလျှင် ရုရှား၏လုပ်ရပ်များက အဓိကအရေးကြီးနေကြောင်း တောင်ကိုရီးယား
အမျိုးသားလုံခြုံရေးအကြံပေးက ထပ်မံပြောဆိုခဲ့သည်။

တောင်ကိုရီးယားအစိုးရအနေဖြင့် မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံကြားချုပ်ဆိုခဲ့သော ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို စိုးရိမ်မှုမရှိကြောင်း၊ တောင်ကိုရီးယားသည်မြောက်ကိုရီးယားနိုင်ငံကို ကျူးကျော်ရန်ဆန္ဒမရှိကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေးအရာရှိက ထပ်မံပြောဆိုခဲ့သည်။

ကောင်းထက်ငွေ

milwaukeeindependent.com

ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန် စဉ်းစားနေဟု တောင်ကိုရီးယားအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.