ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ထောက်ပံပေးနိုင်ရန် သိမ်းဆည်းထားသည့် ရုရှားငွေကြေးများကို အသုံးပြုဖွယ်ရှိ ဟုဆို

ဘာလင်၊ မတ် ၁၇

ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ရုရှားအစိုးရထံမှ သိမ်းယူထားသော ပိုင်ဆိုင်မှုများကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဂျာမနီ အဓိပတိ အော်လက်ရှိုးလ်က ပြင်သစ်သမ္မတ မက်ခရွန်၊ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်တို့နှင့် တွေ့ဆုံဆွေးနွေးအပြီးတွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်အပါအဝင် ဥရောပသမဂ္ဂသည် ၎င်းတို့နိုင်ငံများအတွင်းရှိ ရုရှားပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ကြောင်း သိရ သည်။

အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားဗဟိုဘဏ်နှင့်ဆက်နွယ်နေသော ပိုင်ဆိုင်မှုပေါင်း အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံနီးပါးကို သိမ်းယူထားရာ ရုရှားအစိုးရက ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

ဂျာမနီအဓိပတိက “ ယူကရိန်းကို ကူညီထောက်ပံ့ပေးနိုင်ဖို့ စစ်လက်နက်တွေ ဝယ်ယူနိုင်အောင် ရုရှားအစိုးရထံကနေ သိမ်းယူထားတဲ့ ငွေကြေးတွေကို အသုံးချသွားမှာပါ။ ကမ္ဘာ့ဈေးကွက်အားလုံးရှိ တာဝေးပစ်လက်နက်တွေကို အဓိကထားဝယ်ယူသွားမယ်။” ဟု ပြောသည်။

အော်လက်ရှိုးလ်သည် ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးမည်ဟု ပြောဆိုခဲ့သော်လည်း အသေးစိတ်အခြေနေတွေကို ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း သိရသည်။

ရုရှားအစိုးရက ၎င်းတို့ပိုင်ဆိုင်မှုများသိမ်းယူခြင်းက ခိုးယူသောလုပ်ရပ်ဖြစ်ပြီး လက်တုံ့ပြန်မည်ဖြစ်ကြောင်း မကြာခဏတုံ့ပြန်ပြောဆိုခဲ့သည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ဖြစ်ပွားနေသောစစ်ပွဲက အချိန်နှစ်နှစ်ကျော်ကြာလာချိန်တွင် စစ်လက်နက်ပစ္စည်လိုအပ်မှုများ မြင့်တက်လာနေကြောင်း သိရသည်။

ယူကရိန်းသမ္မတ ဇီလန်စကီးကိုယ်တိုင်က စစ်လက်နက်ပစ္စည်း အကူညီများထပ်မံရတော့ပါက စစ်ပွဲရှုံးနိမ့်ဖြစ်ကြောင်း ပြောဆိုထားပြီး၊ စစ်ရေးအကူညီများ ထပ်မံကူညီပေးရန်တောင်းဆိုထားကြောင်း သိရသည်။

ယူကရိန်းနှင့် ရုရှားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းက ပိုင်နက်နယ်မြေလေးခု သိမ်းပိုက်ခံထားရကြောင်း သိရသည်။

ကောင်းထက်ငွေ

reuters.com

ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ထောက်ပံပေးနိုင်ရန် သိမ်းဆည်းထားသည့် ရုရှားငွေကြေးများကို အသုံးပြုဖွယ်ရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.