ယီမင်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံတကာအကူညီပေးရေးဝန်ထမ်း ၁၅ ဦးကိုအမြန်ဆုံးပြန်လွှတ်ပေးရန် ကုလသမဂ္ဂတောင်းဆို

လန်ဒန်၊ ဇွန် ၈

ကုလသမဂ္ဂသည် ယီမင်နိုင်ငံတွင်ဖမ်းဆီးခံထားရသော နိုင်ငံတကာအကူညီပေးရေးဝန်ထမ်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။

ယီမင်နိုင်ငံကို ထိန်းချုပ်ထားသော ဟူသီလက်နက်ကိုင်အုပ်စုက ၎င်းတို့သည် ကုလသမဂ္ဂဝန်ထမ်းများအပါအဝင် နိုင်ငံတကာအကူညီပေးရေးဝန်ထမ်း ၁၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဟူသီလက်နက်ကိုင်အုပ်စု၏ ထောက်လှမ်းရေးအဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းက ကုလသမဂ္ဂအကူညီပေးရေးဝန်ထမ်းများအပါအဝင် National Democratic Institute (NDI) အဖွဲ့၏ဝန်ထမ်းများ၊ လူအခွင့်ရေးအဖွဲ့၏ လှုပ်ရှားသူများအပါအဝင် လူပေါင်း ၁၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဟူသီအုပ်စုသည် ပြီးခဲ့သောရက်ပိုင်းက ဆာနာမြို့ရှိ နေရာအများအပြားကို စီးနင်းခဲ့ပြီးနောက် ကုလသမဂ္ဂဝန်ထမ်း ၉ ဦးအပါအဝင် အခြားသူများကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးက ဖမ်းဆီးခံထားရသောဝန်ထမ်းတွေကို ဘေးကင်းစွာဖြင့် အမြန်ဆုံးပြန်လွှတ်မြောက်စေရန် ကြိုးပမ်းနေပြီး လမ်းကြောင်းများဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ပြောသည်။

ဟူသီလက်နက်ကိုင်အုပ်စုသည် အီရန်နိုင်ငံထံမှ အကူညီများရရှိနေပြီး အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ပင်လယ်နီဒေသမှ ဖြတ်သန်းနေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်နိုင်ငံများ၏သင်္ဘောများကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယီမင်နိုင်ငံသည် ပြည်တွင်းစစ်ဒဏ်ကို နှစ်ပေါင်းများစွာကြာခံစားခဲ့ရပြီး၊ လူပေါင်းသန်းချီ နေရပ်စွန့်ခွာခဲ့ရကာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများလိုအပ်နေကြောင်း သိရ သည်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက ယီမင်နိုင်ငံတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများအပြင် အခြားကျန်းမာရေးလုပ်ငန်းများ ကူညီပေးဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com/news

ယီမင်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံတကာအကူညီပေးရေးဝန်ထမ်း ၁၅ ဦးကိုအမြန်ဆုံးပြန်လွှတ်ပေးရန် ကုလသမဂ္ဂတောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.