ယီမင်နိုင်ငံကို ဒုတိယမြောက်နေ့အဖြစ် အမေရိကန်စစ်တပ် ထပ်မံတိုက်ခိုက်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃

အမေရိကန်စစ်တပ်သည် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အုပ်စုများ၏ ပစ်မှတ်များကို ဇန်နဝါရီ ၁၂ ရက်နေ့က တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၃ ရက်နေ့တွင်လည်း ထပ်မံတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကမ္ဘာကုန်သွယ်ရေးကို ခြိမ်းခြောက်မှုများ လုပ်ဆောင်နေခြင်းကို တားဆီးနိုင်ရန်နှင့် ဟူသီလက်နက်ကိုင်အုပ်စုများကို အပြစ်ပေးနိုင်ရန်အတွက် ယီမင်နိုင်ငံကို တိုက်ခိုက်ရန် ခွင့်ပြုချက်ပေးထားသလို လွှတ်တော်ကို စာပို့တောင်းဆိုထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၁ နေ့က ယီမင်နိုင်ငံကို ပထမဆုံးအကြိမ် တိုက်ခိုက်ရာတွင် အမေရိကန်စစ်တပ်နှင့်အတူ နိုင်ငံပေါင်းလေးနိုင်ငံ ပူးပေါင်းပါဝင်ခဲ့ပြီး၊ ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အုပ် စု၏ အဆောက်အဦးစခန်းပေါင်း ၃၀ နီးပါးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဟူသီလက်နက်ကိုင်အုပ်စု၏ ပင်လယ်နီဒေသအတွင်း တိုက်ခိုက်မှုများကြောင့် ရေကြောင်းကုန်သွယ်ရေး ခြိမ်းခြောက်မှုများ ရှိလာမည်ကို စိုးရိမ်သည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းပြောသည်။

ယီမင်နိုင်ငံကို တိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲလွဲမှုများရှိနေကြောင်း သိရသည်။

ဟူသီလက်နက်ကိုင်အုပ်စုသည် အမေရိကန်အစိုးရမှ သတိပေးမှုများကို ဂရုမစိုက်ပဲ ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း ပင်လယ်နီဒေသအတွင်း ဖြတ်သန်းနေသော ကုန်စည်သင်္ဘောများ ကို ဒရုန်း ၁၈ စင်း၊ ဒုံးကျည် ၃ စင်း အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုအတွက်ကြောင့် အမေရိကန်နှင့် ဗြိတိန်အစိုးရတို့ ပူးပေါင်းပြီး ဟူသီလက်နက်ကိုင်အုပ်စုကို ဖြို ခွင်းနိုင်ရန် ယီမင်နိုင်ငံကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

ယီမင်နိုင်ငံကို ဒုတိယမြောက်နေ့အဖြစ် အမေရိကန်စစ်တပ် ထပ်မံတိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.