ဘန်ကောက်၊ မတ် ၁၆
ဒေါ်နယ်ထရန့် သမ္မတဖြစ်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယီမင်နိုင်ငံမှ ဟူသီများကိုတိုက်ခိုက်ခဲ့ရာ ၃၁ ဦးသေဆုံးခဲ့ကြောင်း ဟူသီသူပုန်များက တနင်္ဂနွေနေ့တွင် ပြောကြားသည်။
အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များသည် ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာနေသည့် သင်္ဘောများကို ဆက်လက်တိုက်ခိုက်နေပါက ၎င်းတို့အပေါ်သို့ ဆက်လက်တိုက်ခိုက်သွားမည်ဟု အမေရိကန်သမ္မတက ဆိုသည်။

ဟူသီသူပုန်များသည် ဂါဇာစစ်ပွဲတစ်လျှောက် အစ္စရေးနှင့် ပင်လယ်နီတွင် ဖြတ်သန်းသွားလာနေသည့် သင်္ဘောများကို တိုက်ခိုက်ခဲ့သသည်။
ဟူသီသူပုန်များထိန်းချုပ်ထားသည့် မြို့တော် Sanaa တွင် ပေါက်ကွဲသံများကြားခဲ့ရပြီး၊ မီးခိုးလုံးများတက်လာသည်ကို တွေ့လိုက်ရကြောင်း AFP ဓာတ်ပုံဆရာက ပြောသည်။
မြို့တော် Sanaa တွင် တိုက်ခိုက်မှုများအပြင် Saada၊ Al-Bayda နှင့် Radaa ရှိ ဒေသများတွင် အနည်းဆုံး ၃၁ ဦးသေဆုံးပြီး ၁၀၁ ဦးဒဏ်ရာရခဲ့ကြောင်း၊ သေဆုံးသူအများစုမှာ ကလေးများနှင့် အမျိုးသမီးများဖြစ်ကြောင်း ဟူသီကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Anis Al-Asbahi က ပြောကြားသည်။
ဟူသီမီဒီယာ၏ ဗီဒီယိုဖိုင်တွင် ဆေးရုံအရေးပေါ်ခန်းတွင် ဆေးကုသမှုခံယူနေသည့် ကလေးများနှင့် အမျိုးသမီးများကို တွေ့ခဲ့ရသည်။
Ref: Bangkok Post
#ယနေ့ခေတ်
ယီမင်တွင် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ၃၁ ဦး သေဆုံး ဟူသီတိုက်ခိုက်မှုကို အဆုံးသတ်မည်ဟု ထရမ့် ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်