ယာဥ်စီးခပိုတောင်းသည့် YBS ယာဥ်စီးရေ ၁၀၀ ကျော်ကို CNG လုပ်ငန်းလိုင်စင် ပိတ်သိမ်း

ရန်ကုန်၊ နိုဝင်ဘာ ၈

ယာဥ်စီးခပိုတောင်းသည့် YBS ယာဥ် ၁၃၇ စီးကို သတ်မှတ်ကာလ အပိုင်းအခြားအတိုင်း CNG လုပ်ငန်းလိုင်စင်ကို ပိတ်သိမ်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အများပိုင်သယ် ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC မှ သိရသည်။

ယခုလို လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်းကို အောက်တိုဘာလ ၇ ရက်က လုပ်ဆောင်ခဲ့ပြီး YBS ယာဥ်မောင်းအချို့သည် ယာဥ်စီးခပိုတောင်းခြင်းများ ပြုလုပ်ကြောင်း ခရီးသည်များ၏ တိုင်ကြားလာမှုကြောင့် သိရှိအရေးယူရခြင်းဖြစ်ကြောင်း YRTC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ YBS ယာဥ်မောင်းတွေ ခရီးသည်တွေဆီက ကားခပိုတောင်းတာတွေ၊ ယာဥ်နောက်လိုက်တင်ခွင့်မရှိပဲ တင်တာတွေကို ခရီးသည်တွေက တိုင်ကြားလာတဲ့အတွက် အခုလိုဆောင် ရွက်ရတာ။ ပုဂ္ဂလိကပိုင် YBS ယာဥ်လိုင်းတွေက စည်းကမ်းဖောက်တာ ပိုများတယ်။” ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ယနေ့ခေတ်သို့ ပြောသည်။

YBS ယာဥ်လိုင်းများ စည်းကမ်းဖောက်ဖျက်ပါက CNG လိုင်စင် ၃ လ၊ ယာဥ်အကူပါပါက CNG လိုင်စင် ၃ လ၊ ယာဥ်စီးခ ၅၀၀၊ ၁၀၀၀ ကျပ် ကောက်ခံပါက CNG လိုင်စင် ၆ လ၊ ယာဥ်အကူပါ၊ ယာဥ်စီးခ ပိုမိုကောက်ခံပါက CNG လိုင်စင် ၁ နှစ်နှင့် ဒီဇယ်ဖြင့် မောင်းနှင်သည့်ယာဥ်ဆိုပါက လုပ်ငန်းလိုင်စင် ၁ နှစ် ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း စည်းကမ်းဖောက်ဖျက်သည့် YBS ယာဥ်စီးရေ တစ်သောင်းခုနစ်သောင်းနီးပါးကို အရေးယူထားပြီး၊ သုံးကြိမ်နှင့်အထက် စည်းကမ်းဖောက်ဖျက်ပါက ယာဥ်လိုင်းပြေးဆွဲခွင့်ကို ပိတ်မည်ဖြစ်ကြောင်း သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ယာဥ်စီးခပိုတောင်းသည့် YBS ယာဥ်စီးရေ ၁၀၀ ကျော်ကို CNG လုပ်ငန်းလိုင်စင် ပိတ်သိမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.