ယခုဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ကျဆင်းလာ ဟုဆို

ရန်ကုန်၊ မတ် ၁၄

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်လာသော်လည်း လျော့ကျနေဆဲဖြစ်ကြောင်း ရင်းနှီးမြီုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်းကြားမှုဦးစီးဌာနမှ သိရသည်။

သို့သော် ပြည်ပရင်းနှီးမြှုပ်နှံမှုကျဆင်းနေချိန်တွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုသည် သိသိသာသာတိုးလာကြောင်း သိရသည်။

“ အထူးသဖြင့် အထည်ချုပ်ကဏ္ဍတွေကနေ ရင်းနှီးမြှုပ်နှံသူတွေက ထွက်ခွာသွားကြတာများတယ်။ အထူးသဖြင့် နာမည်ကြီးဘရန်းတွေပေါ့။ ပြန်တော့ဝင်လာပါတယ်။ ဒါပေမယ့် အသေးစားလေးတွေများတယ်။” ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

နိုင်ငံရေးအကူးအပြောင်းကာလဖြစ်ခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃.၈ ဘီလီယံရှိခဲ့ပြီး၊ နစကတာဝန်စယူသည့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျတ် ၆ လတွင် ဒေါ်လာ ၆၄၇ သန်း ဝင်ရောက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၂၀၂၂-၂၀၂၃ တွင်လည်း ကန်ဒေါ်လာ ၁.၆ ဘီလီယံအထိ လျော့ကျသွားခဲ့ကြောင်း စာရင်းအချက်အလက်များအရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၆၅၃ ဒသမ ၉ သန်းတန်ဖိုးရှိ လုပ်ငန်း ၆၃ ခုကို ခွင့်ပြုပေးထားပြီး စက်မှုကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံထားကာ၊ တရုတ်နှင့် ထိုင်းမှအများဆုံးဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကို ငွေကျပ်သန်း ၉၉၀ ဘီလီယံကျော်ရရှိမည်ဟု ခန့်မှန်းထားသော်လည်း ငွေကျပ်သန်း ၁၂၈၇ ဒသမ ၃ ဘီလီယံကို ရရှိထားသည့်အတွက် ရည်မှန်းချက်ထက် ငွေကျပ်သန်း ၃၃၀ ဘီလီယံခန့် တိုးလာခြင်းဖြစ်ကြောင်း သိရသည်။

စုစု

ဓာတ်ပုံ – CJ

ယခုဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ကျဆင်းလာ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.