ရန်ကုန်၊ စက်တင်ဘာ ၃၀
ပို့ကုန်ရငွေအများဆုံးရရှိသည့် စက်မှုကုန်ချောတင်ပို့မှု ယခုဘဏ္ဍာနှစ်တွင် လျော့ကျနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။
၂၀၂၃- ၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၂ ရက်အထိ ခြောက်လနီးပါး ကာလအတွင်း စက်မှူကုန်ချောတင်ပို့မှုမှ ပို့ကုန်ရငွေ ကန်ဒေါ်လာ ၄ ဒသမ ၆၃ ဘီလီယံ ရရှိထားပြီး၊ ပြီးခဲ့သည့်နှစ် အလားတူကာလတွင် ကန်ဒေါ်လာ ၅ ဒသမ ၇၅ ဘီလီယံရထားပြီး၊ ၁ ဒသမ ၁၂ ဘီလီယံ လျော့ကျနေကြောင်း သိရသည်။
“အထည်ချုပ်စက်ရုံတွေက အရင်ကထက် အော်ဒါရရှိမှု ပိုနည်းသွားတာလည်းပါသလို တော်တော်များများကလည်း ထွက်သွားကြတယ်။ တစ်ချို့စက်ရုံတွေကလည်း အော်ဒါရရှိတာ နည်းလို့ ပိတ်လိုက်ရတာတွေလည်းရှိတယ်။” ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းများကို ပြည်ပသို့တင်ပို့ နေပြီး စက်မှုကုန်ချောတင်ပို့မှုသည် ပို့ကုန်ဝင်ငွေ အများဆုံးရရှိနေခြင်းဖြစ်ကာ စုစုပေါင်းပို့ကုန်၏ ၆၃ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။
စုစု
ဓာတ်ပုံ-အင်တာနက်
ယခုဘဏ္ဍာနှစ်တွင် စက်မှုကုန်ချောတင်ပို့မှု လျော့ကျနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်