ယခုနှစ်တွင် ပုဂံသို့ ပြည်တွင်းပြည်ပခရီးသွား သုံးသန်းခန့်လာရောက်ရန် မျှော်မှန်းထား

ရန်ကုန်၊ စက်တင်ဘာ ၉

ယခုနှစ်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် သုံးသန်းခန့်လာရောက်ရန် မျှော်မှန်းထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

“၂၀၂၂ ခုနှစ်မှာ ပုဂံခရီးသွားဧည့်သည် ၁ ဒသမ ၀၈ သန်း ဝင်ရောက်ခဲ့ပါတယ်။ အခု ၂၀၂၃ ဇန်နဝါရီလကနေ ဇွန်လအထိ ခရီးသွားဧည့်သည်က ၁ ဒသမ ၁၆ သန်းထိ ဝင်ရောက်ခဲ့ တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီနှစ် ခြောက်လအတွင်းမှာ မနှစ်ကဝင်ရောက်လာတဲ့ ခရီးသွားဧည့်သည်ရဲ့ နှုန်းကို ကျော်သွားပြီဖြစ်လို့ ဒီနှစ်ခရီးသွားဧည့်သည် သုံးသန်းလောက် လာရောက်မယ်လို့ မျှော်မှန်းထားပါတယ်။” ဟုဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်က ပြောသည်။

လက်ရှိတွင် ပုဂံဒေသကို ပြည်တွင်းခရီးသွား အများဆုံးလာရောက်ပြီး ကိုဗစ်ကာလနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးခဲ့ခြင်းဖြစ် သည်။

ထို့ပြင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများအား ပိုမိုဆွဲဆောင်နိုင်မည့် ခရီးစဉ်ဒေသ ၇ ခုကိုလည်း ဖော်ဆောင်ထားကြောင်း သိရ သည်။

စုစု

ဓာတ်ပုံ-ဒေသခံတစ်ဦး

#ယနေ့ခေတ်

ယခုနှစ်တွင် ပုဂံသို့ ပြည်တွင်းပြည်ပခရီးသွား သုံးသန်းခန့်လာရောက်ရန် မျှော်မှန်းထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.