ရန်ကုန်၊ ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေကြီး၊ မှော်ဘီမြို့နယ်၌ သံဃာတော်တစ်ပါး ဆွမ်းခံထွက်လာရာတွင်၊ ကားတိုက်ခံရပြီး နေရာတွင် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၅ နာရီခန့်က ရန်ကုန်-ပြည်လမ်းမကြီး၊ စုပေါင်းရုံးကွေ့တွင်၊ မှော်ဘီ ပေါ်တော်မူကျောင်းအတွင်းမှ ဆွမ်းခံထွက်လာသည့် သံဃာတော်တစ်ပါး ကားတိုက်ခံရ၍ နေရာ တွင် ပျံလွန်တော်မူသွားခဲ့ပြီး၊ ကားသမားထွက်ပြေးသွားကြောင်း သိရသည်။
“ကျွန်တော်တို့ဆီ ဖုန်းဆက်လာတာတော့ မနက်က ၅ နာရီကျော်လောက်ကပဲ။ ဦးဇင်းကို တိုက်သွားတာ။ ဦးခေါင်းတစ်ခုလုံး ကြေမွနေတာပဲ။ ကားက တိုက်ပြီးထွက်ပြေးသွားတာ မမိလိုက်ဘူး။ ဦးဇင်က ပေါ်တော်မူကျောင်းမှာရှိတဲ့ တစ်ပါးထဲနေတဲ့ ဘေးကကျောင်းလေးမှာနေတာ။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပျံလွန်တော်မူသွားခဲ့သည့် သံဃာတော်၏ ရုပ်အလောင်းကို မြို့မလူမှုကူညီးအသင်းမှ မှော်ဘီဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-မြို့မလူမှုကူညီးအသင်းမှ (မှော်ဘီ)
#ယနေ့ခေတ်
မှော်ဘီမြို့နယ်၌ သံဃာတော်တစ်ပါး ကားတိုက်ခံရ နေရာတွင် ပျံလွန်တော်မူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်