မှော်ဘီမြို့တွင် ယာဉ်တိုက်မှုဖြစ် အမျိုးသားတစ်ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်နှင် ကားတစ်စီးဝင်တိုက်၍ ဘေးတွဲယာဉ်မောင်း နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

၂၉ ရက် ည ၁၀ နာရီဝန်းကျင်ခန့်က မှော်ဘီမြို့နယ်၊ အမှတ် (၄) လမ်းမကြီး၊ လိပ္ပုတ်ကျေးရွာ၊ မိုင်တိုင် ၆/၁ ကြားတွင် ဘေးတွဲဆိုင်ကယ်အား ကားတစ်စီးဝင်တိုက်ခဲ့၍ ထွက်ပြေးသွားခဲ့ပြီး ဘေးတွဲမောင်းသူအမျိုးသားမှာ နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ ကားတိုက်တဲ့နေရာက လမ်းပြင်နေတဲ့နေရာပေါ့ လှော်ကားဘက်ကလာရင် ညာဘက်ခြမ်းမှာပြင်နေတာ။ လှော်ကားဘက်ကနေ ကားကလာတယ်။ လှော်ကားဘက်ကို ဘေးတွဲက တက်တဲ့အချိန်ငြိ့တယ်လို့ပြောတယ်။ ကားကတိုက်ပြီး ထွက်ပြေးသွားတာ။ မမိလိုက်ဘူး။ သေဆုံးသူက ဦးခေါင်းဒဏ်နဲ့ခိုက်မိပြီး နေရာမှာတင်ဆုံးသွားတာ။ အသက်က ၃၀ ကျော်လောက်တော့ရှိမယ်။ သူ့မိသားစုနဲ့လည်း အဆက်သွယ်ရပါတယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ ယနေ့ခေတ်သို့ ပြောသည်။

သေးဆုံသူအမျိုးသား၏ ရုပ်အလောင်းကို မြို့မမှော်ဘီ လူမှုကူညီရေးအသင်းမှ မှော်ဘီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၁ ရက်နေ့၊ နံနက် ၅ နာရီခန့်ကလည်း မှော်ဘီမြို့၊ ရန်ကုန်-ပြည်လမ်းမကြီး စုပေါင်းရုံးကွေ့၊ မိုင်တိုင် ၃၂/၀ ကြားတွင် ဆွမ်းခံထွက်လာသည့် ရဟန်းတစ်ပါးကို ကားတစ်စီးမှ ဝင်တိုက်ခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- မြို့မလူမှုကူညီရေးအသင်း မှော်ဘီ‌မြို့

မှော်ဘီမြို့တွင် ယာဉ်တိုက်မှုဖြစ် အမျိုးသားတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.