မွေးကင်းစကလေးငယ်တစ်ဦး လမ်းဘေးတွင် စွန့်ပစ်ထား၍ သရုပ်​ဆောင် ခိုင်နှင်း‌ဝေ ခေါ်ယူစောင့်ရှောက်

ရန်ကုန်၊ အောက်တိုဘာ ၂၅

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မြစံပယ်လမ်းဘေးတွင် အချင်းတန်းလန်းဖြင့် မွေးကင်းစ ကလေးငယ်တစ်ဦးအား စွန့်ပစ်ထားသည်ကို အောက်တိုဘာ ၂၃ ရက်၊ ည ၉ နာရီက တွေ့ရှိခဲ့ရာ သရုပ်​​ဆောင် ခိုင်နှင်း‌ဝေက ခေါ်ယူစောင့်ရှောက်ခဲ့ကြောင်း သိရသည်။

“ အချင်းတန်းလန်းနဲ့ ညကြီးပစ်ထားပေမဲ့ ကံကောင်းလှတဲ့သမီးလေး အသက်ရှင်ခွင့်ရသွားလို့ အရမ်းပဲဝမ်းသာမိပါတယ်။ လိုအပ်တာများ လုပ်ဆောင်ပေးတဲ့ “ ရွှေတော်ဝင်” အထူးကုဆေးခန်း၊ “ မြန်မာ့ကြယ်ဖြူ” ပရဟိတအသင်းနဲ့ ရပ်မိရပ်ဖများအားလုံးကို သမီးလေးကိုယ်စား အထူးကျေးဇူးတင်ရှိပါတယ်ရှင်” ဟု သရုပ်​ဆောင် ခိုင်နှင်း​ဝေက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အချင်းတန်းလန်းဖြင့် မွေးကင်းစ မိန်းကလေးငယ်တစ်ဦး စွန်ပစ်ခံခဲ့ရကြောင်း မြန်မာကြယ်ဖြူ လူမှုကူညီရေးအသင်းထံ ရပ်ကွက်ရှိ ရပ်မိရပ်ဖများက အကြောင်းကြားခဲ့ပြီး​နောက် အဆိုပါ လူမှုကူညီရေးအသင်းက သရုပ်​ဆောင် ခိုင်နှင်း‌ဝေအားဆက်သွယ်ကာ အကူအညီ​တောင်းခံခဲ့​ကြောင်း သိရသည်။

သရုပ်​ဆောင် ခိုင်နှင်းဝေ၏ ရင်ခွင်ရိပ်မြုံ ရင်သွေးလေးများဂေဟာတွင် ​မွေးကင်းစက​လေးမှ အသက် ၇ နှစ်အရွယ်ရှိ ကလေးငယ် ၉၃ ​ဦးရှိပြီး ယခုကလေးငယ်တစ်ဦးနှင့်ဆိုလျှင် ၉၄ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

#ယနေ့ခေတ်

မွေးကင်းစကလေးငယ်တစ်ဦး လမ်းဘေးတွင် စွန့်ပစ်ထား၍ သရုပ်​ဆောင် ခိုင်နှင်း‌ဝေ ခေါ်ယူစောင့်ရှောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.