မြောင်းမြအကျဉ်းထောင်မှ ထောင်ဖောက်ပြေးရန်ကြိုးစားသူ သုံးဦးပြန်လည်ဖမ်းဆီးခံရ

မြောင်းမြ၊ ဧပြီ ၂၀

ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်တွင် ဧပြီလ ၁၈ ရက်၊ ညနေပိုင်းအချိန်က ထောက်ဖောက်ပြေးရန်ကြိုးစားသည့် အကျဉ်းသား ၃ ဦးကို ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း အကျဉ် ဦးစီးနှင့်နီးစပ်သူများထံမှ သိရသည်။

ဧပြီလ ၁၈ ရက်၊ ညနေ ၅ နာရီခန့်က မြောင်းမြအကျဉ်းထောင် တန်းပိတ်ချိန်တွင် အသက် ၃၀ ဝန်းကျင်အရွယ် အကျဉ်းသားသုံးဦးသည် တန်းမဝင်ဘဲ ထောင်အုတ်တံတိုင်းကိုကျော်ကာ ထွက်ပြေးရန် ကြိုးစားကြစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု အကျဉ်း ဦးစီးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ တစ်ယောက်က အုတ်တံတိုင်းပေါ်ကိုရောက်နေပြီ။ ကျန်တဲ့နှစ်ယောက်ကတော့ အုတ်တံတိုင်းပေါ်ကို တက်ဖို့လုပ်နေတဲ့အချိန် ဝန်ထမ်းတွေတွေ့သွားလို့ သုံးယောက်လုံးအဖမ်းခံလိုက်ရတာပါ။” ဟု ၎င်းကဆက်ပြောသည်။

ထွက်ပြေးရန်ကြံစည်ခဲ့သူများသည် မှုယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရသူနှစ်ဦးနှင့် အခြားအမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရသူတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့သုံးဦးသည် မြောင်းမြေအကျဉ်းထောင်သို့ ရောက်ရှိလာသည်မှာ ၁၅ ရက်ခန့်သာရှိသေးကြောင်း အကျဉ်းဦးစီစဌာနနှင့်နီးစပ်သူများထံမှ သိရသည်။

“ လွတ်ငြိမ်းမှာမပါလို့ ထောက်ဖောက်ပြေးဖို့ကြံစည်တာလို့ သက်ဆိုင်ရာဘက်ကပြောတယ်။ အခု အကျဉ်းသားသုံးဦးလုံး ပြန်လည်ဖမ်းဆီးခံရပြီးနောက် မြောင်းမြအကျဉ်းထောင်ကို ဧရာဝတီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရောက်လာပြီး စစ်ဆေးမှုတွေပြုလုပ်သွားတယ်။” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိပြန်လည် ဖမ်းဆီးခံရသည့် အကျဉ်းသား အမျိုးသား ၃ ဦးကို ရဲတပ်ဖွဲ့ ၊ အကျဉ်းဦးစီးဌာနနှင့် သက်ဆိုင်ရာအဆင့်ဆင့်က စစ်ဆေးနေကြောင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

မြောင်းမြအကျဉ်းထောင်မှ ထောင်ဖောက်ပြေးရန်ကြိုးစားသူ သုံးဦးပြန်လည်ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.