မြောင်းမြ၊ မတ်လ ၂၁
ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ ဦးဘချိုလမ်းရှိ ကြင်စားသောက်ဆိုင်၌ မတ် ၂၁ ရက်၊ နံနက် ၅ နာရီခန့်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ်တစ်လုံးနှင့် ဆိုင်ခန်းသုံးခန်း မီးလောင်ဆုံးရှုံးခဲ့ ကြောင်း သက်ဆိုင်ရာမှ သိရသည်။
အဆိုပါ မီးလောင်မှုသည် မြောင်းမြမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဦးဘချိုလမ်းရှိ ကြင်စားသောက်ဆိုင်က ထမင်းပေါင်းအိုးမီးခလုတ် မပိတ်မိသောကြောင့် ထမင်းပေါင်းအိုး အပူရှိန်လွန်ကဲပြီး စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန်များထိခိုက်သေဆုံး ဒဏ်ရာရရှိခြင်းမရှိပဲ လျှပ်စစ်ပစ္စည်းဆိုင်၊ ဆေးဆိုင်၊ ရေခဲအရောင်းဆိုင်နှင့် အုတ်ညှပ်နှစ်ထပ်အိမ်တစ်လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောသည်။ “ မီးလောင်ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးတွက်ချက်နေတယ်။ လူတွေထိခိုက်တာမရှိပါဘူး။ မီးငြှိမ်းသတ်တဲ့အားကောင်းလို့၊ နို့မိုဆို အခုထက်မီးလောင်မှုအားကောင်းတယ်။” ဟု ၎င်းကဆက်ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၃၉ နှစ်အရွယ်ရှိ ကြင်စားသောက်ဆိုင်ပိုင်ရှင်အား မြောင်းမြမြို့နယ်ရဲ စခန်းမှ (ပ) ၅၃/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ခန့်ခန့်
ယနေ့ခေတ်
မြောင်းမြမြို့တွင် မီးလောင်မှုကြောင့် ဆိုင်ခန်းသုံးခန်းနှင့် နေအိမ်တစ်လုံး ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်