ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာစျေးတွင် ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက် ၃ နာရီ ၅၀ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သီရိရတနာစျေး မီးလောင်မှုကြောင့် ဆိုင်ခန်း ၁၀ ခန်းကျော်ခန့် မီးလောင်ပျက်စီးခဲ့ပြီး၊ မီးလောင်ရခြင်းအကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
“ မီးလောင်မှုဖြစ်စဥ်ကို စုံစမ်းစစ်ဆေးနေပါတယ်။ ပျက်စီးဆုံးရှုံးမှုများနိုင်ပါတယ်။ ကာလတန်ဖိုးတော့ မသတ်မှတ်ရသေးပါဘူး။ အဓိက စျေးလုံခြုံရေးနဲ့ စျေးတာဝန်ခံတွေကို စစ်ဆေးနေပါတယ်။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဥ်များနှင့် ရေသယ်ယာဥ်များ ထွက်ခွာမီးငြှိမ်းသတ်ပေးခဲ့ရာ တစ်နာရီခန့်ကြာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#ယနေ့ခေတ်
မြောက်ဥက္ကလာ သီရိရတနာစျေးမီးလောင် ဆိုင်ခန်း ၁၀ ခန်းကျော် ပျက်စီးဆုံးရှုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်