လန်ဒန်၊ မတ် ၁၆
မြောက်မက်ဆီဒိုးနီးယားရှိ နိုက်ကလပ်မီးလောင်မှုအတွင်း အနည်းဆုံး ၅၉ ဦးသေဆုံးပြီး ၁၅၅ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မြို့တော် Skopje အရှေ့ဘက် ကီလိုမီတာ ၆၀ အကွာရှိ Pulse club တွင် မတ် ၁၆ ရက်၊ နံနက် ၂ နာ ရီ ၃၀ မိနစ် (၁ နာရီ ၃၀ မိနစ်GMT) ဝန်းကျင်က လူပေါင်း ၁၅၀၀ ခန့်တက်ရောက်ခဲ့ကြသည့် ဟစ်ဟော့အဖွဲ့ DNK ဖျော်ဖြေပွဲအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ် Hristijan Mickoski က ယခုအချိန် လူငယ်များစွာ အသက်ဆုံးရှုံးခဲ့ရခြင်းမှာ နိင်ငံအတွက်ခက်ခဲပြီး ဝမ်းနည်းဖွယ်ကောင်းသောနေ့တစ်နေ့ဟု ပြောကြားသည်။
ပြည်ထဲရေးဝန်ကြီး Pance Toskovski က အခင်းဖြစ်ပွားရာနေရာတွင် လူလေးဦးကိုဖမ်းဝရမ်းထုတ်ထားကြောင်း ပြောကြားသော်လည်း အသေးစိတ်ပြောကြားခြင်းမရှိပေ။ အစောပိုင်းက အမျိုးသားတစ်ဦးကိုဖမ်းမိကြောင်း ကြေညာခဲ့သည်။
ကနဦးသတင်းများအရ အဆိုပါမီးလောင်မှုသည် pyrotechnic devices တွင်မီးပွင့်ခဲ့ရာမှ အဆောက်အဦ၏မျက်နှာကျက်ကို မီးစွဲလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘီဘီစီမှအတည်ပြုထားသော ဗီဒီယိုတွင် မျက်နှာကျက်ပေါ်ရှိ မီးတောက်များကို ငြှိမ်းသတ်ရန် ကြိုးစားနေသူများကို ပြသထားသည်။ ကလပ်တွင်လူပြည့်နေပြီး လူငယ်များသည် ထွက်ပြေးခြင်းမပြုဘဲ မီးငြိမ်းသတ်ရန် အားထုတ်ခဲ့ကြကြောင်း တွေ့ရသည်။
အသက် ၂၀ နှစ်အရွယ် Marija Taseva က လူများအပြေးအလွှားသွားနေစဉ် သူမသည် ကလပ်ထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေချိန် ရုန်းမထွက်နိုင်မီ မြေပြင်ပေါ်သို့လဲကျသွားခဲ့ကြောင်း Channel 5 TV သို့ ပြောသည်။
Ref: BBC
မြောက်မက်ဆီဒိုးနီးယားတွင် နိုက်ကလပ်မီးလောင်မှုကြောင့် သေဆုံးသူ ၅၉ ဦးအထိမြင့်တက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်