ပြုံယမ်း၊ မေ ၂၈
မြောက်ကိုရီးယားနိုင်ငံမှ နောက်ဆုံးလွှတ်တင်လိုက်သော ဂြိုလ်တုသည် အောင်မြင်မှုမရဘဲ ပျက်ကျသွားခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောသည်။
အဆိုပါဂြိုလ်တုကို လွှတ်တင်လိုက်ပြီးနောက် မိနစ်ပိုင်းအကြာတွင် ကောင်းကင်ယံတွင် ပေါက်ကွဲပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောသည်။
တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောများသည် မြောက်ကိုရီးယားနိုင်ငံမှ လွှတ်တင်လိုက်သော ဂြိုလ်တုကို လေ့လာစောင့်ကြည့်ကာ ရုပ်သံမှတ်တမ်းရိုက်ယူနိုင်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံက ဇွန်လ ၄ ရက်နေ့တွင် ဂြိုလ်တုလွှတ်တင်မည်ဟု သတိပေးခဲ့ပြီးနောက် တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားနိုင်ငံက လွှတ်တင်သည့် ဂြိုလ်တုအောင်မြင်မှုမရသည့်အကြောင်းကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားစစ်တပ်က ၎င်းတို့သည် မြောက်ကိုရီးယားနိုင်ငံမှ လွှတ်တင်လိုက်ပြီးနောက် မိနစ်ပိုင်းအကြာတွင် ပင်လယ်ထဲသို့ ပျက်ကျခဲ့သော ဂြိုလ်တုအပိုင်းအစများကို ရှာဖွေတွေ့ရှိထားကြောင်း ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သောနှစ်တွင် စစ်ဘက်သုံးဂြိုလ်တုတစ်စင်းကို အောင်မြင်စွာလွှတ်တင်ခဲ့ပြီးနောက် မေလအတွင်း ဂြိုလ်တုများထပ်မံလွှတ်တင်ရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယား၏ စစ်ဘက်သုံးဂြိုလ်တုလွှတ်တင်မှုနှင့်ပတ်သက်ပြီး ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများပိုမိုဖြစ်ပွားလာခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
alarabiya.net/News
မြောက်ကိုရီးယား၏ ဂြိုလ်တုလွှတ်တင်မှု မအောင်မြင်ဘဲ ပျက်ကျခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်