မြောက်ကိုရီးယားနိုင်ငံ၏အချုပ်အခြာကို စွက်ဖက်မည်ဆိုလျှင် လက်တုံ့ပြန်ခံရမည်ဟု ဂျပန်နိုင်ငံကို မြောက်ကိုရီးယား သတိပေး

ပြုံယမ်း၊ မတ် ၂၉

မြောက်ကိုရီးယားအစိုးရအနေဖြင့် ဂျပန်နိုင်ငံသားများပြန်ပေးဆွဲခံရမှုကို ကူညီပေးရန် ဂျပန်အစိုးရနှင့် ဆွေးနွေးမည်မဟုတ်သလို ဂျပန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယား၏ အချုပ်အခြာကို ကြားဝင်စွက်ဖက်မည်ဆိုလျှင် တုံ့ပြန်ခံရမည်ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဂျပန်ဝန်ကြီးချုပ် ကာရှီဒါက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နှင့် ကြိုတင်သတ်မှတ်ချက်မရှိသောပုံစံမျိုးဖြင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ပြီးခဲ့သောရက်ပိုင်းက ပြောဆိုခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ်သည် မြောက်ကိုရီးယားနိုင်ငံနှင့် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးရန်လိုလားနေပြီး တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့ကြောင်း သိရ သည်။

သို့သော်လည်း ၎င်းတို့သည် ဂျပန်နိုင်ငံနှင့်ထိပ်သီးတွေ့ဆုံပွဲလုပ်ဆောင်ရန် စိတ်မဝင်စားကြောင်း၊ တွေ့ဆုံဆွေးနွေးရန်ကမ်းလှမ်းမှုများကို ငြင်းဆန်ပယ်ချမည်ဖြစ်ကြောင်း၊ မြောက်ကိုရီးယားအစိုးရက ပြောဆိုလိုက်သည်။

မြောက်ကိုရီးယား၏တုံပြန်မှုသည် နှစ်နိုင်ငံကြား နှစ်ပေါင်းများစွာရန်လိုမှုများကို နွေးထွေးမှုများရှိမည်မဟုတ်ဘူးဆိုတာကို အချက်ပြလိုက်ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံနှင့် အဆင့်မြင့်အရာရှိကြီးများ အဆင့်တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်လာမည်မဟုတ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ရီရောင်နန်က ထုတ်ဖော်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ဂျပန်နိုင်ငံ၏လက်အောက်ခံ ကိုလိုနီဖြစ်ခဲ့ဖူးရာ ဂျပန်နိုင်ငံအပေါ် စိတ်ဆိုးဒေါသဖြစ်နေကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်နှင့် နျူကလီးယားအစီအစဉ်များသည် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် ဆက်ဆံရေးတင်းမာမှုများရှိခဲ့ပြီး မြောက်ကိုရီးယားမှ ပစ်လွှတ်လိုက်သော ဒုံးကျည်များသည် ဂျပန်ပိုင်နက်အတွင်းသို့ ဖြတ်သန်းခြင်းများရှိခဲ့ဖူးကြောင်း သိရသည်။

မြောက်ကိုရီးယားသည် အမေရိကန်နိုင်ငံ၏ မဟာမိတ်နိုင်ငံအဖြစ် ရပ်တည်နေသည့် တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့ကို စိတ်ဆိုးဒေါသဖြစ်နေပြီး ရန်စမှုများလုပ်ဆောင်နေကြောင်းသိရသည်။

ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့သည် မြောက်ကိုရီးယားနိုင်ငံ၏ ရန်စမှုများကိုတုံ့ပြန်ရန် မဟာမိတ်ဖြစ်မှုများကို ပိုမိုတိုးချဲ့လုပ်ကိုင်လာနေကြောင်း သိရသည်။

ကောင်းထက်ငွေ

straitstimes.com/asia

မြောက်ကိုရီးယားနိုင်ငံ၏အချုပ်အခြာကို စွက်ဖက်မည်ဆိုလျှင် လက်တုံ့ပြန်ခံရမည်ဟု ဂျပန်နိုင်ငံကို မြောက်ကိုရီးယား သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.