ပြုံယမ်း၊ ဇန်နဝါရီ ၁၅
တောင်ကိုရီးယား၊ အမေရိကန်နိုင်ငံတို့နှင့် တင်းမာမှုအရှိန် မြင့်တက်နေချိန်တွင် မြောက်ကိုရီးယားနိုင်ငံသည် ဇန်နဝါရီ ၁၅ ရက်နေ့က အသံထက်မြန်သောဒုံးကျည် (IRBM) ဒုံးကျည် ကို ပထမဆုံးအကြိမ် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် အသံထက်မြန်သောဒုံးကျည်ကို ယခုနှစ်အတွင်း ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောသည်။
မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့ဒုံးကျည်စမ်းသပ်မှုများသည် အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကို ခြိမ်းခြောက်မှုမရှိကြောင်း၊ ဒေသအတွင်းတင်းမာမှုအခြေနေများကို ခြိမ်းခြောက် မှုမရှိကြောင်း ပြောသည်။
မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သောရက်ပိုင်းက တောင်ကိုရီးယားနှင့်နယ်စပ်နားတွင် ကျည်အစစ်ဖြင့်ပစ်ခတ်သော စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်များကို လုပ်ဆာင်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယား၏ စစ်ရေးလေ့ကျင့်ခန်းအစီစဉ်များနှင့် အမြှောက်ပစ်ခတ်ခြင်းများကြောင့် တောင်ကိုရီးယားနိုင်ငံက နယ်စပ်ဒေသတွင်နေထိုင်နေသူများကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က တောင်ကိုရီးယားကို ရန်သူနိုင်ငံဖြစ်ကြောင်း၊ စစ်ဖြစ်လာမည်ဆိုလျှင် တောင်ကိုရီးယားနိုင်ငံကို ဖျက်ဆီးတိုက်ခိုက်ရန် တွန့်ဆုတ်နေ မည်မဟုတ်ကြောင်း ပြီးခဲ့သောရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားကြား တင်းမာမှုအရှိန်သည် ပြီးခဲ့သောနှစ်တည်းကစတင်ပြီး တဖြည်းဖြည်းမြင့်တက်လာနေကြောင်း သိရသည်။
မြောက်ကိုရီးယား၏ ဒုံးကျည်အစီအစဉ်၊ နျူကလီးယားအစီစဉ်များကို အမေရိကန်နှင့် တောင်ကိုရီးယားတို့က စိတ်ဆိုးဒေါသဖြစ်နေပြီး မကြာခဏ ဝေဖန်ပြစ်တင်လျက်ရှိနေ ကြောင်း သိရသည်။
ကောင်းထက်ငွေ
english.alarabiya.net/News
မြောက်ကိုရီးယားက အသံထက်မြန်သောဒုံးကျည် စမ်းသပ်မှုအောင်မြင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်