မြောက်ကိုရီးယားက ရေအောက်သုံး နျူကလီးယားလက်နက်စနစ် စမ်းသပ်

ပြုံယမ်း၊ ဇန်နဝါရီ ၁၉

ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုအရှိန်မြင့်တက်နေချိန် မြောက်ကိုရီးယားသည် ဇန်နဝါရီ ၁၈ ရက်နေ့က ရေအောက်သုံး နျူကလီးယားလက်နက်စနစ်ကို စမ်းသပ်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားအစိုးရက အဆိုပါလက်နက်စနစ် စမ်းသပ်ခြင်းသည် ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းများကို လက်တုံ့ပြန်ခြင်းဖြစ် ကြောင်း ဆိုသည်။

မြောက်ကိုရီးယားစစ်ဘက်က “ မြောက်ကိုရီးယား ကာကွယ်ရေးဌာနဟာ ကိုရီးယားအရှေ့ပင်လယ်ထဲမှာ ‘Haeil-5-23’ အမည်ရှိ ရေအောက်သုံး နျူကလီးယားလက်နက်စနစ်ကို စမ်း သပ်ခဲ့တယ်။ ဒီစမ်းသပ်မှုဟာ မြောက်ကိုရီးယားရဲ့ ရေအောက်နျူကလီးယား တုံ့ပြန်မှုတွေကို ပိုမိုအားကောင်းစေတယ်။” ဟု ဆိုသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သောနှစ်ကတည်းက ရေအောက် နျူကလီးယား တိုက်ခိုက်ရေးသုံးဒရုန်းကို စမ်းသပ်မှုအမျိုးမျိုး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါစမ်းသပ်မှုများကြောင့် ရေအောက်တွင် ရေဒီယိုသတ္တကြွ ဆူနာမီလိုမျိုး ဖြစ်လာနိုင်ကြောင်း ဆိုသည်။

တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့သည် ဂျေရူးကျွန်းတောင်ပိုင်းတွင် ရေတပ်ချင်းပူးပေါင်းလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ပြီး အဆိုပါလေ့ကျင့်ခန်းအစီစဉ်များတွင် ရေငုပ် သင်္ဘောများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါသုံးနိုင်ငံ၏ ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများတွင် အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS Carl Vinson အပါအဝင် စစ်သင်္ဘောအနည်းဆုံး ကိုးစင်းပါဝင်ခဲ့ ကြောင်း သိရသည်။

မြောက်ကိုရီးယား၏ အသံထက်မြန်သော ဒုံးကျည်စမ်းသပ်မှုကို လက်တုံ့ပြန်မှုအဖြစ် သုံးနိုင်ငံပူးတွဲပြီး ရေတပ်ချင်းစစ်ရေးလေ့ကျင့်ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားကို ရန်ဘက်နိုင်ငံအဖြစ် သတ်မှတ်ထားပြီး မြောက်ကိုရီးယားပိုင်နက်ကို တစ်လမကျူးကျော်ရုံဖြင့် တောင်ကိုရီးယားကို တိုက်ခိုက်မည်ဟု သတိပေးထားသည်။

ကောင်းထက်ငွေ

alarabiya.net/News

မြောက်ကိုရီးယားက ရေအောက်သုံး နျူကလီးယားလက်နက်စနစ် စမ်းသပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.