ပြုံယမ်း၊ ဇွန် ၁၀
မြောက်ကိုရီးယားနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်လာနေရာ မြောက်ကိုရီးယားနိုင်ငံသည် နယ်စပ်ဒေသမှနေပြီး တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းသို့ အမှိုက်များတင်ဆောင်လာသော မိုးပျံပူဖောင်းရာချီကို ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်၏ညီမဖြစ်သူက တောင်ကိုရီးယားနိုင်ငံသည် နယ်စပ်ဒေသမှနေပြီး ဝါဒဖြန့်ချီရေးလုပ်ငန်းများကို အရှိန်မြင့်လုပ်ဆောင်နေမည်ဆိုလျှင် တုံ့ပြန်မှုများလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း သတိပေးခဲ့ပြီးနောက် မိုးပျံပူးဖောင်းရာချီကို ထပ်မံစေလွှတ်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သောသီတင်းပတ်အတွင်း အညစ်ကြေးများ၊ စွန့်ပစ်ပစ္စည်းများ ချိတ်ဆွဲထားသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားသည် နယ်စပ်ဒေသမှနေပြီး မြောက်ကိုရီးယား ဆန့်ကျင့်ရေးသီချင်းများများကို အသံချဲစက်များဖြင့် အသံကုန်ဖွင့်လှစ်နေရာ တင်းမာမှုများစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားအစိုးရသည် မြောက်ကိုရီးယားနှင့်ချုပ်ဆိုထားသော စစ်ရေးသဘောတူစာချုပ် ဆိုင်းငံ့လိုက်ပြီးနောက် နယ်စပ်ဒေသမှနေပြီး မြောက်ကိုရီးယားနိုင်ငံဘက်ခြမ်းသို့ မြောက်ကိုရီးယားဆန့်ကျင့်ရေး ဝါဒဖြန့်ချီသည့်သီချင်းများအပါအဝင် အကြောင်းအရာများကို လော်စပီကာများဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com/east-asia
မြောက်ကိုရီးယားက စွန့်ပစ်ပစ္စည်းများတင်ဆောင်ထားသော မိုးပျံပူဖောင်းရာချီ ထပ်မံလွှတ်တင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်