ပြုံယမ်း၊ ဇန်နဝါရီ ၂၄
ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုအရှိန် မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယားနိုင်ငံသည် ဒီဇင်ဘာ ၂၄ ရက်နေ့က အနောက်ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ပြင်ထဲကို ခရုဇ်ဒုံးကျည် အများအပြားပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောသည်။
တောင်ကိုရီးယားစစ်ဘက်နှင့် အမေရိကန်ထောက်လှမ်းရေးအဖွဲ့တို့က မြောက်ကိုရီးယားသည် ဇန်နဝါရီ ၂၃ ရက်၊ နံနက် ၇ နာရီတွင် ဒုံးကျည်များ စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း ပြော သည်။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက မြောက်ကိုရီးယားနိုင်ငံ၏ ဆောင်ရွက်ချက်များကို အမေရိကန်နှင့်ပူးပေါင်းပြီး အနီးကပ်စောင့်ကြည့်နေကြောင်း ပြောသည်။
တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်ကြား ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်နေချိန်တွင် မြောက်ကိုရီးယားနိုင်ငံကလည်း စစ်လက်နက်ပစ္စည်းများ စမ်းသပ်နေခဲ့ရာ ကိုရီး ယားကျွန်းဆွယ်တွင် တင်းမာမှုအရှိန် မြင့်တက်လာနေကြောင်း သိရသည်။
ပင်လယ်ဝါအတွင်းသို့ မြောက်ကိုရီးယား၏ ခရုဇ်ဒုံးကျည်များ ပစ်လွှတ်ခဲ့ခြင်းသည် ရန်စမှုတစ်ခုဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောသည်။
မြောက်ကိုရီးယားသည် အသံထက်မြန်တဲ့ ဒုံးကျည်ထိပ်ဖူးတပ်ဆင်ထားသည့် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပြီးနောက် သီတင်းနှစ်ပတ်အကြာတွင် ပင်လယ်ဝါအတွင်းကို ခရုဇ်ဒုံးကျည်များ စမ်သပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြောက်ကိုရီးယားသည် ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ရေတပ်ချင်းပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို တုံ့ပြန်မှုအဖြစ် ရေအောက်သုံး နျူကလီးယားလက်နက်များကို ပြီးခဲ့သောရက်ပိုင်းတွင် စမ်းသပ်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနိုင်ငံကြား တင်းမာမှုများသည် ပြီးခဲ့သောနှစ်ကတည်းကစတင်ပြီး ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားသည် အဆိုပါခရုဇ်ဒုံးကျည်များ ပစ်လွှတ်ခြင်းနှင့်ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။
ကောင်းထက်ငွေ
alarabiya.net/News
မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်အများအပြားကို ပင်လယ်ထဲသို့ စမ်းသပ်ပစ်လွှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်