ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၉
မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးက မြေပြိမှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးခဲ့သော မြန်မာနိုင်ငံသားငါးဦး၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
မလေးရှားကယ်ဆယ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့များသည် Cameron Highlands အရပ်ဒေသတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် သေဆုံးခဲ့သော လူသုံးဦး၏ ရုပ်အလောင်းများကို ကနဦးရှာတွေ့ခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်နေ့တွင် နောက်ထပ်လူနှစ်ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၂ နာရီကျော်က Blue Valley တောင်ကြားနားတွင် မြန်မာနိုင်ငံသားမိသားစုဝင် ငါးဦးနေထိုင်နေသည့်အိမ်သည် မြေပြိုမှုဒဏ်ကို ရုတ်တရက်တွေ့ကြုံခဲ့ရ ပြီးနောက် လူများ မြေကြီးအောက်ရောက်ရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
မလေးရှားကယ်ဆယ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များသည်မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် ရှာဖွေကယ်တင်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ ဇန်နဝါရီ ၂၆ ရက်နေ့တွင် အသက် ၃၆ နှစ်အရွယ်ရှိ ချင်းလူမျိုးများဖြစ်သော Law Ha Phey နှင့် အသက် ၄၈ နှစ်အရွယ်ရှိ Ki Shing Om တို့၏ ရုပ်အလောင်းကို ကနဦးစတင်တွေ့ရှိခဲ့ပြီးနောက်၊ အသက် ၅၆ နှစ်အရွယ်ရှိ Shing Law Har အသက် ၃၇ နှစ်အရွယ်ရှိ Om Myu နှင့် အသက် ၂၅ နှစ်အရွယ်ရှိ Thang Moung တို့၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ Cameron Highlands ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ အေရီရမ်လီက ထုတ်ဖော်ပြောဆိုလိုက်သည်။
မြေပြိုမှုကြောင့် သေဆုံးခဲ့သူငါးဦးထဲတွင် အမျိုးသားများအပြင် အမျိုးသမီးများလည်းပါဝင်ခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
မြေပြိုကျမှုကြောင့် သေဆုံးခဲ့သောမြန်မာနိုင်ငံသားငါးဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်