မြို့ဝင်​​ကြေးတိုးမြင့်​ကောက်ခံလာပြီး​နောက် ခရီးသည်တင်ယာဥ်စီးခများ အဆမတန် မြင့်တက်လာ ဟုဆို

ရန်ကုန်၊ ဇွန် ၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းတွင် ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ်များအား ဇွန် ၁ ရက်မှစတင်ပြီး မြို့ဝင်​ကြေးတိုးမြင့်​ကောက်ခံလာပြီး​နောက် ခရီးသည်တင်ယာဥ်စီးခများ အဆမတန်မြင့်တက်လာ​ကြောင်း မြဝတီမြို့​နေ စာ​ရေးဆရာတစ်ဦးက ​ပြောသည်။

“ ​ဒေါန​တောင်​ကျော်လမ်း​ဟောင်းက ကုန်စည်ပို့​ဆောင်​ရေး ​မော်​တော်ယာဥ်ဖြတ်သန်းခ​မြို့ဝင်​ကြေး တိုးမြင့်​ကောက်ခံလာတယ်။ အဲဒီ​နောက်မှာ ခရီးသည်တင် မော်​တော်ယာဥ်​တွေက လည်း ယာဥ်စီးခ​တွေ အဆမတန်တိုးမြင့်​တောင်းခံလာကြတယ်။ ရန်ကုန်က​နေ မြဝတီလာတာ ယာဥ်စီးခကျပ် ၂၂၀,၀၀၀ ကုန်ကျခဲ့ပါတယ်။ အရင်ကဆို ၁၃၀,၀၀၀ ပဲ ​ပေးရတာ။ ဒီအတိုင်းဆိုရင် ရန်ကုန်ပြန်လာဖို့ မလွယ်​တော့ပါဘူး။” ဟု မြဝတီမြို့​နေစာ​ရေးဆရာတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ မြဝတီ-​ကောကရိတ် ဒေါနတောင်ကျော်လမ်း​ဟောင်းတွင် ကုန်တင်ယာဉ်များ၏ မြို့ဝင်​ကြေး၊ ဂိတ်ကြေး ကုန်ကျစရိတ်များသည် သိန်းဆယ်ဂဏန်းအထက်ရှိ​နေ​ကြောင်း ကုန်တင်ယာဥ်​မောင်းတစ်ဦးထံက စုံစမ်းသိရှိရသည်။

ထို့ပြင် မြဝတီ-မော်လမြိုင် probox ယာဉ်ငယ်များပင် အသွားအပြန် ကျပ်သုံးသိန်းကုန်ကျပြီး၊ မြဝတီမှအသွား ခရီးသည်တင်ယာဥ်ဆောင်ခွင့်ရသော်လည်း မြဝတီသို့အပြန်တွင် ခရီးသည်နှင့် ကုန်ပစ္စည်းများ တင်ဆောင်ခွင့်မရ​ကြောင်း probox ယာဉ်​မောင်းတစ်ဦးထံက သိရသည်။

လက်ရှိ မြဝတီ-ရန်ကုန် ခရီးသည်များအား ပို့ဆောင်ရေးမော်တော်ယာဉ်ဂိတ်အချို့ ပိတ်ထားဆဲဖြစ်​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင် 

ဓာတ်ပုံ – CJ

မြို့ဝင်​​ကြေးတိုးမြင့်​ကောက်ခံလာပြီး​နောက် ခရီးသည်တင်ယာဥ်စီးခများ အဆမတန် မြင့်တက်လာ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.