မြဝတီ၌ ဘဏ်ဝန်ထမ်းတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ယမန်နေ့ ညနေက KBZ ဘဏ်မှ ဝန်ထမ်းတစ်ဦး ရုံးဆင်း၍ အိမ်ပြန်လာစဉ် လမ်းတွင်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ညနေ ၅ နာရီကျော်က မြဝတီမြို့ KBZ ဘဏ်ခွဲ (၁) မှ အသက် ၄၃ နှစ်အရွယ် အကြီးတန်းမန်နေဂျာ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်စီး၍ အိမ်ပြန်လာစဉ် (၄) ရပ်ကွက်၊ တောရကျောင်းလမ်းနှင့် မေတ္တာ ၃ လမ်းအရောက်၌ ဆိုင်ကယ်စီးနင်းလာသော အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရ သည်။

“ သူက ရုံးအဆင်း အိမ်ပြန်လာတာကို လူနှစ်ယောက်က အနောက်ကနေ ဆိုင်ကယ်နဲ့ကပ်လိုက်လာပြီး သေနတ်နဲ့သုံးချက်ပစ်ပြီးတော့ တောရကျောင်းလမ်းအတိုင်း ဘုန်းကြီး ကျောင်းဘက်ကို ထွက်ပြေးသွားတာ။ ဘာ့ကြောင့်ပစ်တယ်တော့ မသိဘူး။” ဟု မြဝတီမြို့၌ နေထိုင်သူတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရ၍ သေဆုံးသူတွင် ဝဲဘက်နားအောက် ကျည်ဖောက်ဝင်ဒဏ်ရာ သုံးချက်၊ ယာဘက်ပါး ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက်တို့ဖြင့် နေရာတွင်သေဆုံးခဲ့ပြီး အခင်းဖြစ်နေ ရာအနီးမှ ပွိုင့် ၃၈ အမျိုးအစား ကျည်ခွံသုံးခုအား တွေ့ရှိရကြောင်း သိရသည်။

ဘဏ်ဝန်ထမ်းအား ပစ်ခတ်မှုကို မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့် ပြုလုပ်ခဲ့သည်ကို မသိရဘဲ၊ ပစ်ခတ်သူများမှာလည်း ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း သိရ သည်။

မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မြဝတီ၌ ဘဏ်ဝန်ထမ်းတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.