မြဝတီမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကူးစက်သူ ၁၀၄ ဦးရှိပြီး သေဆုံးသူတစ်ဦးရှိ ဟုဆို  

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ယခုနှစ်ဒီဇင်ဘာလအတွင်း ဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူတစ်ဦးသာရှိပြီး ၎င်းသည်ရောဂါအခံရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားသည်။

ပြည်တွင်းမီဒီယာများက ရွှေကုက္ကိုလ်အပါအဝင် မြို့နှင့် ကျေးရွာတချို့တွင် ဝမ်းရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေ ပြီး သေဆုံးမှုများပါရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်ကူးစက်မှုနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့သို့မေးမြန်းခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနမှ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ်ကူးစက်မှုမရှိကြောင်း၊ ထို့အပြင် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ကျေးရွာ၊ သီတဂူချစ်သူဆေးရုံသို့ ဒီဇင်ဘာ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့ထိ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူသူ စုစုပေါင်း ၁၀၄ ဦးရှိခဲ့ပြီး၊ ၎င်းတို့အနက် သေဆုံးလူနာတစ်ဦးရှိခဲ့သော်လည်း အဆိုပါလူနာသည် နှလုံးရောဂါအခံရှိသူဖြစ်စ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေခြင်းကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ရွှေကုက္ကိုလ်၊ သီတဂူချစ်သူဆေးရုံသို့ ရောဂါကာကွယ်ကုသရေးအတွက် သွေးကြောသွင်းဆေးရည်များ၊ လိုအပ်သည့် Bleaching Powder ပုံးများ၊ ရေသန့်ဆေးပြားများ၊ ဓာတ်ဆားထုပ်များ၊ ပဋိဇီဝ ဆေးများကို ပို့ဆောင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြဝတီ-ဘားအံလမ်းကြောင်းတလျှောက်ရှိ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ဘားအံမြို့နယ်များတွင်လည်း လိုအပ်ပါက ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် မြဝတီဆေးရုံတွင် လိုအပ်သည့်ဆေးနှင့် ဆေးပစ္စည်းများကို စုပုံထားရှိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်ချက်အတိုင်း ထောက်ပံ့ပေးနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – CJ (ရွှေကုက္ကိုလ်မြို့)

မြဝတီမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကူးစက်သူ ၁၀၄ ဦးရှိပြီး သေဆုံးသူတစ်ဦးရှိ ဟုဆို   အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.