မြဝတီတွင် အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့ ပြန်ဖွင့်

ရန်ကုန်၊ ​မေ ၂၀

ထိုင်း-မြန်မာနယ်စပ်တံတား ပြန်လည်ဖွင့်လှစ်ပြီး​နောက်ပိုင်း ​မေ ၂၀ ရက်(ယ​နေ့)မှစတင်ပြီး မြဝတီမြို့ရှိ အစိုးရဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်အချို့ ဘဏ်လုပ်ငန်းဝန်​ဆောင်မှုများ ​ပြန်လည်ဖွင့်လှစ်​ဆောင်ရွက်​ပေး​နေ​ကြောင်း သိရသည်။

“ ပြီးခဲ့တဲ့ဧပြီလ ၁၃ ရက်ကတည်းက ဘဏ်လုပ်ငန်း​တွေ ပိတ်သွားတာ။ နှစ်ဘက်တိုက်ပွဲ​တွေ​ကြောင့် နယ်စပ်တံတား​ပိတ်သွားတယ်။ ဘဏ်လုပ်ငန်း​တွေလည်း ရပ်ဆိုင်းသွားတယ်။ အခုတစ်လ​ကျော်ကြာမှ ပြန်လည်​ဆောင်ရွက်​ပေးတာပါ။” ဟု မြဝတီမြို့နယ်မှ ကုန်သည်တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မြဝတီမြို့တွင် နှစ်ဘက်တိုက်ပွဲများ​ကြောင့် ပြီးခဲ့သည့်ဧပြီလ ၁၃ ရက်မှစတင်ပြီး ဘဏ်လုပ်ငန်းဝန်ဆောင်မှုအချို့ ပိတ်ထားခဲ့ရ​ကြောင်း သိရသည်။

ယခုအခါ နယ်မြေတည်ငြိမ်စပြုလာပြီဖြစ်ခြင်းကြောင့် ဘဏ်လုပ်ငန်းအချို့ ပြန်လည်ဖွင့်လှစ်ခွင့်တင်ပြလာသည့်အတွက် ဘဏ် ၇ ခုကို ဖွင့်လှစ်ခွင့်ပြုခဲ့​ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်မှ သိရသည်။

မြဝတီမြို့တွင် အစိုးရဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်စုစု​ပေါင်း ဘဏ်ခွဲ ၂၀ အထိ မြန်မာနိုင်ငံဗဟိုဘဏ်က ဖွင့်လှစ်ခွင့်ပြုထားပြီး၊ နှစ်ဘက်တိုက်ပွဲများကြောင့် ဘဏ်ခွဲ ၁၇ ခု ယာယီ ပိတ်သိမ်းခဲ့ရ​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင် 
ဓာတ်ပုံ- CJ

မြဝတီတွင် အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့ ပြန်ဖွင့် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.