ရန်ကုန်၊ စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အိန္ဒိယနိုင်ငံ၊ ကိုလ်းကတ္တားမြို့သို့ တိုက်ရိုက်ကုန်သွယ်မည့် သင်္ဘောပြေးဆွဲရန် သက်ဆိုင်ရာဌာနသို့ တင်ပြထားကြောင်း ရခိုင်ကုန်သည်ကြီးများအ သင်းမှ သိရသည်။
အဆိုပါသင်္ဘောကို စစ်တွေမြို့၌ တည်ဆောက်ထားသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပိုဆောင်ရေး စီမံကိန်းထဲတွင်ပါဝင်သည့် စစ်တွေဆိပ်ကမ်းသစ် ဆိပ်ခံတံ တားတွင် ဆိုက်ကပ်ခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
“ အိန္ဒိယ-မြန်မာ ကုန်တင်သင်္ဘော တိုက်ရိုက်ပြေးဆွဲဖို့ သက်ဆိုင်တဲ့ဌာနကို တင်ပြထားတာကြာပြီ။ ခုထိတော့ အကြောင်းမပြန်သေးဘူး” ဟုရခိုင်ကုန်သည်ကြီးများအသင်း အတွင်း ရေးမှူး ဦးအောင်အောင်က ပြောသည်။
ထို့ပြင် စက်တင်ဘာ ၁၈ ရက်မှစပြီး ပြည်တွင်းကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောများကို ဆိုက်ကပ်ခွင့်ပြုထားပြီဖြစ်ကြောင်း သိရသည်။
အိန္ဒိယ-မြန်မာချစ်ကြည်ရေး ကုလားတန်မြစ်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း စစ်တွေဆိပ်ကမ်းသစ်၌ ပြည်တွင်း ကမ်းရိုးတမ်းသင်္ဘောများ စတင်ဆိုက်ကပ်နိုင်ပြီဖြစ် သည့်အတွက် ရခိုင်ပြည်နယ်အတွက် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာကြောင်း သိရသည်။
အိန္ဒိယ-မြန်မာချစ်ကြည်ရေး ကုလားတန်မြစ် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာအကြား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းအ ကောင်အထည်ဖော် ဆောင်ရွက်မှုများကို ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာတွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားပြီး၊ ပြီးခဲ့သည့် မေလ ၄ ရက်တွင် အိန္ဒိယကုန်တင်သင်္ဘော စတင်ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။
စုစု
ဓာတ်ပုံ-အင်တာနက်
မြန်မာ-အိန္ဒိယ ကုန်သွယ်သင်္ဘော တိုက်ရိုက်ပြေးဆွဲနိုင်ရန် တင်ပြထား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်