ရန်ကုန်၊ နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ တင်ပိုနေသည့် နယ်စပ်ကုန်သွယ်ရေးအားလုံး ရပ်တန့်နေကြောင်း၊ လက်ရှိတွင် ပြည်နယ်အတွင်း ဝင်ခွင့်ထွက်ခွင့်များလည်း ပိတ်ထားသည့်အတွက် ကုန်ကားများ သွားမရကြောင်း သိရသည်။
“ ကုန်ကားတွေက မသွားရတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးက ရပ်တန့်သွားတယ်။ ပြီးတော့ ရခိုင်ပြည်ထဲကို ဘယ်ကုန်ကားမှ အဝင်မရှိတော့တဲ့အတွက် ရှိတဲ့ကုန်တွေက ဈေးတွေ တတ်ကုန်တာ။” ဟု နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။
ရခိုင်မြို့အဝင်အထွက်ကို နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်ပြီး ပိတ်ထားသည့်အတွက် လက်ရှိ ရန်ကုန်- စစ်တွေ အဝေးပြေးကားလမ်း၌ရောက်နေသည့် ကုန်စိမ်းကားများ၊ ရေထွက်ကုန် ပစ္စည်းကားများ ပိတ်မိနေကြကြောင်းလည်း သိရသည်။
ထို့ပြင် မောင်တောဘက်တွင် တိုက်ပွဲများဖြစ်နေသည့်အတွက် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ကုန်ပစ္စည်းတင်ပို့ခြင်းများ ရပ်နားထားကြောင်း၊ မြို့အဝင်အထွက်များ ပိတ်ထားမှု ကြာမြင့်ပါ က ရခိုင်ပြည်နယ်တွင် ကုန်စျေးနှုန်းမြင့်တက်ခြင်း၊ စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်ခြင်းစသည့် အခက်အခဲများကို ကြုံတွေ့လာ နိုင်ကြောင်း ဒေသခံများကဆိုသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း၊ ရေလမ်းများကို အဝင်အထွက်ပိတ်ထားသော်လည်း လေကြောင်းလိုင်းကို ပြေးဆွဲပေးနေသေးကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်