မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် ဆွေးနွေးမှုများရှိနေ ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

တစ်နှစ်ကျော်ကြာရပ်တန့်နေသည့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ကုန်သွယ်မှုပြုလုပ်နိုင်ရန် ဆွေးနွေးမှုများရှိနေကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

၁၀၂၇ စစ်ဆင်‌ရေးစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှစတင်ကာ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်သွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေကြောင်း သိရသည်။

“ဆွေးနွေးနေတယ်လို့ကြားတယ်။ ‌လမ်းကြောင်းကတော့ ပြန်ပွင့်စေချင်တယ်။ အခုက ဟိုဘက်ရော သည်ဘက်ရောက အဝင်မရှိတော့ ကုန်ဈေးနှုန်းက မတရားကြီးနေတာပေါ့။ ပြည်မကြီးဘက်ကလည်း ဒီဘက်လာလို့မရဘူး။ ပြည်မကြီးဆိုတာ မန္တလေးကိုပြောတာပါ။ တရုတ်ဘက်ကလည်း အကန့်အသတ်နဲ့ တင်သွင်းခိုင်းတာ။ ဒီလိုဆိုတော့ အဆင်မပြေဘူး။” ဟု နယ်စပ်ကုန်သည်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လက်ရှိတွင် မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်များဖြစ်သော နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ ကျင်စန်းကျော့ဂိတ်နှင့် ပန်ဆိုင်းဂိတ်တို့အနက် ဆင်ဖြူဂိတ်တစ်ခုထဲကိုသာ ကုန်ပစ္စည်းသယ်ယူခွင့်ပေးထားခြင်းဖြစ်သည်။

ထို့အပြင် စက်သုံးဆီများကို မူဆယ်မြို့နယ်၊ ကညနတွင် ယာဉ်မှတ်ပုံတင်ထားရှိသည့် ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီး၊ ကုန်တင်(ဝန်ပေါ့) ယာဉ်များနှင့် ဌာနဆိုင်ရာမော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို သတ်မှတ်ဂါလန်အတိုင်း ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – CJ

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် ဆွေးနွေးမှုများရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.