မြန်မာ့သကြား တန်ချိန်တစ်သောင်း ဗီယက်မှဝယ်ယူမည့် အမှာစာရရှိထားပြီး ဘဂ်လားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့နိုင်ရန်လည်းစီစဉ်နေ ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၇

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် သကြားတန်ချိန် တစ်သောင်းအား ဝယ်ယူလိုကြောင်း ဗီယက်နမ်နိုင်ငံမှပေးပို့သည့် ဝယ်ယူခြင်းဆိုင်ရာ အမှာစာကို လက်ခံရရှိထားသည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း၏ ပြောကြားချက်အရ သိရသည်။

“ ဗီယက်နမ်နိုင်ငံက ပေးပို့လာတဲ့ သကြားအမှာစာကို အရင်ဆုံး လက်ခံရရှိထားပါတယ်။ ဒါကြောင့် အဲ့ဒီကိုပဲ ဦးစားပေးတင်ပို့သွားမယ်။” ဟု အသင်းတာဝန်ရှိသူက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် အခြားပြည်ပနိုင်ငံများသို့ သကြားတင်ပို့ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ သို့သော်လည်း ဗီယက်နမ်၏ ဝယ်ယူမှုအမှာစာ အရ သကြားတင်ပို့မှုကို ထိုနိုင်ငံသို့ ဦးစွာတင်ပို့ရန် စီစဥ်ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပြည်တွင်းသုံးစွဲမှုဖူလုံပြီး၊ ပိုလျှံသကြားများကို ပြည်ပကုန်သွယ်ဖက်နိုင်ငံများထံ တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သကြားစက်ရုံများမှ ကြံကြိတ်ခွဲခြင်းလုပ်ငန်းများကို နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ အပြည့်အဝလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာလတွင် ပြည်တွင်းဈေးကွက်သို့ သကြားအသစ်များ စတင်ဝင်ရောက်မည်ဖြစ်ပြီး၊ ယခုနှစ်တွင် သကြားစက်များသည် ယခင်သတ်မှတ်နှုန်းထားဖြစ်သော ကြံတစ်တန်လျှင် ကျပ် ၁၁၀,၀၀၀ မှ ၂၀၂၃-၂၀၂၄ ကြံရာသီအတွက် ကြံတစ်တန်လျှင် ကျပ် ၁၅၀,၀၀၀ သို့ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

မြန်မာ့သကြား တန်ချိန်တစ်သောင်း ဗီယက်မှဝယ်ယူမည့် အမှာစာရရှိထားပြီး ဘဂ်လားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့နိုင်ရန်လည်းစီစဉ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.