မြန်မာ့​ရွှေ​စျေး ကမ္ဘာ့​ရွှေ​စျေးထက် စံချိန်တင်မြင့်တက်နေ

ရန်ကုန်၊ မေ ၂၆

မြန်မာ့​ရွှေ​စျေးကွက်တွင် ​မေ ၂၅ ရက်၊ ည​နေ ၄ နာရီအထိ အ​ခေါက်​ရွှေတစ်ကျပ်သားလျှင် ကျပ် ၅၁ သိန်းအထိ ​ပေါက်​စျေးရှိခဲ့ပြီး၊ ကမ္ဘာရွှေဈေးမှာ ​မေ ၂၅ ရက်၊ ည​နေ ၃ နာရီအထိ တစ်​အောင်စလျှင် ၂,၄၅၀ ဒေါ်လာအထိ ကျဆင်းခဲ့​ကြောင်း 29 စိန်​ရွှေရတနာဆိုင်မှ သိရသည်။

“ ဒီ​နေ့ည​နေ ၄ နာရီအထိ ​နောက်ဆုံးဈေးမှာ အ​ခေါက်​ရွှေတစ်ကျပ်သား ကျပ် ၅၁ သိန်းအထိ ​ပေါက်ခဲ့ပါတယ်။ ကမ္ဘာ့​ရွှေက တစ်​အောင်စကို ၂,၄၅၀ ဒေါ်လာအထိ ​ပေါက်​စျေးရှိခဲ့ပါတယ်။” ဟု 29 စိန်​ရွှေရတနာဆိုင်မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ကမ္ဘာ့ရွှေ‌ဈေးတွင် အခေါက်ရွှေတစ်အောင်စလျှင် ၂,၄၅၀ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့​သော်လည်း မြန်မာ့ရွှေဈေးကွက်တွင် ကျပ် ၅၁ သိန်းထိ စံချိန်တင်မြင့်တက်လာခဲ့​ကြောင်း သိရသည်။

မြန်မာ့​ရွှေဈေးကွက်တွင် ၁၅ ပဲရည်တစ်ကျပ်သား ၄,၈၃၀,၀၀၀ ကျပ်ဖြင့် စံချိန်တင်မြင့်တက်လာခဲ့​ကြောင်း သိရသည်။

ရွှေစျေးမြင့်တက်နေခြင်းကြောင့် ရန်ကုန်မြို့ရှိ ရွှေဆိုင်အများစုတွင် အခေါက်ရွှေနှင့် ရွှေတုံး၊ ရွှေခဲများကို ရောင်းဝယ်ခြင်းမပြုလုပ်ကြောင်း ကြေညာထားပြီး၊ လက်ဝတ်အထည်များကိုသာ အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်မတ်လအတွင်းမှစ၍ ပြည်တွင်းစျေးကွက်တွင် ရွှေစျေးနှုန်းများ တရိပ်ရိပ်မြင့်တက်ခဲ့ကာ မတ်လအတွင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ မှ ၄၄ သိန်း၊ ဧပြီလအတွင်းက ၄၅ သိန်းမှ ၄၇ သိန်းဝန်းကျင်၊ ထိုမှ ယခုမေလအတွင်း ၄၈ သိန်းမှ ကျပ်သိန်း ၅၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်

ယနေ့ခေတ်

မြန်မာ့​ရွှေ​စျေး ကမ္ဘာ့​ရွှေ​စျေးထက် စံချိန်တင်မြင့်တက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.