မြန်မာ့ရွှေကိုဝယ်ယူရန် ပြည်ပနိုင်ငံအချို့က စိတ်ဝင်စားမှုရှိနေ ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မြန်မာ့ရွှေကိုဝယ်ယူရန် ပြည်ပနိုင်ငံအချို့က စိတ်ဝင်စားမှုရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ထိုင်း၊ စင်ကာပူ၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယနှင့် ဥရောပနိုင်ငံများက မြန်မာ့ရွှေကိုဝယ်ယူရန် စိတ်ဝင်စားနေပြီး၊ ထိုကဲ့သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် Exchange နှင့် Logistic ကုမ္ပဏီ ၁၄ ခုနှင့် ချိတ်ဆက်ထားကြောင်း သိရသည်။

“ ပြည်တွင်းကထွက်တဲ့ရွှေတွေကို ကမ္ဘာ့နိုင်ငံတွေက စိတ်ဝင်စားမှုရှိတယ်။ ပြောရရင် မြန်မာ့ရွှေက ပြည်ပဈေးကွက်မရှိဘူး။ နိုင်ငံတကာကပြုလုပ်တဲ့ ပြပွဲတွေမှာ ပြသရောင်းချရ တာပေါ့။ ပြည်ပဈေးကွက်ရတော့ ကောင်းတာပေါ့။ အခုတော့ တင်ပို့နိုင်အောင်ကြိုးစားနေတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်တွင်းရွှေဈေးကို ကမ္ဘာ့ဈေးနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်းအပေါ်မူတည်ပြီး ကမ္ဘာ့ရွှေတစ်အောင်စကို ဗဟိုဘဏ်ထုတ်ပြနသည့် AD လိုင်စင်ရဘဏ်များ၏ ငွေလဲနှုန်းနှင့်မြှောက်ကာ ၁.၉၀၄၇ ဖြင့်စားပြီး တွက်ချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

YGEA အနေဖြင့် ရွှေဓာတ်ခွဲခန်းဖွင့်လှစ်ရန် နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိအောင် ဆောင်ရွက်နေပြီး နိုင်ငံတကာအသိအမှတ်ပြုအဖွဲ့များကလည်း လာရောက်စစ်ဆေးရန်ရှိကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – google

#ယနေ့ခေတ်

မြန်မာ့ရွှေကိုဝယ်ယူရန် ပြည်ပနိုင်ငံအချို့က စိတ်ဝင်စားမှုရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.