မြန်မာ့ဆန်ကို အင်ဒိုနီးရှားနိုင်ငံက အများဆုံးဝယ်ယူ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆန်ကို ပြည်ပနိုင်ငံများက ဝယ်ယူမှုအနေဖြင့် အင်ဒိုနီးရှားနိုင်ငံသည် အများဆုံးဝယ်ယူထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

အင်ဒိုနီးရှားနိုင်ငံသည် ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆန်တန်ချိန် သုံးသိန်းခြောက်သောင်းကျော် ဝယ်ယူတင်သွင်းထားပြီး တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၂၇၆,၄၀၀၊ ဘယ်လ်ဂျီယံနိုင်ငံမှ ဆန်တန်ချိန်၂၁၉,၄၀၀ ဖြင့် အသီးသီးတင်သွင်းထားကြောင်း သိရသည်။

“ ဒီနှစ် ပြည်ပဆန်တင်ပို့မှုက လျာထားချက်ကို ပြည့်မီနိုင်မယ်လို့ထင်တယ်။ မိုးအကုန်ကာလမှာ Export ကို ပိုပြီးတင်ပို့နိုင်တယ်။ ပြီးတော့ ဒီနှစ်မှာ အင်ဒိုနီးရှားက အများဆုံးဝယ်ယူတာ။ အရင်နှစ်တွေတုန်းက ဝယ်တော့ဝယ်တယ်။ ဒီနှစ်ကအများဆုံးပဲ။” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ လစဉ်တင်ပို့နိုင်ခဲ့မှုမှာ ဧပြီလတွင် တန်ချိန် ၁၁၀,၀၀၀ ကျော်၊ မေလတွင် တန်ချိန် ၇၁,၀၀၀ ကျော်၊ ဇွန်လတွင် ၁၆၂,၀၀၀ ကျော်၊ ဇူလိုင်လတွင် တန်ချိန် ၁၆၅,၀၀၀ ကျော်၊ ဩဂုတ်လတွင် တန်ချိန် နှစ်သိန်းကျော်၊ စက်တင်ဘာလတွင် တန်ချိန် ၂၂၀,၀၀၀ နီးပါး၊ အောက်တိုဘာလတွင် တန်ချိန် ၄၂၀,၀၀၀ ကျော် တင်ပို့ထားခြင်းဖြစ်သည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၃၆၂ သန်း တင်ပို့ထားပြီး၊ ဝင်ငွေဒေါ်လာ ၆၄၇ သန်းရရှိထားကြောင်း၊ အဆိုပါပမာဏသည် ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရန်လျာထားချက်၏ ၅၄ ရာခိုင်နှုန်းကျော်အထိ တင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#စုစု

#ယနေ့ခေတ်

မြန်မာ့ဆန်ကို အင်ဒိုနီးရှားနိုင်ငံက အများဆုံးဝယ်ယူ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.