မြန်မာ့စီးပွားရေး အနုတ်လက္ခဏာပြနေဟု ကမ္ဘာ့ဘဏ် ဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

မြန်မာနိုင်ငံ၌ လာမည့် ၂၀၂၅ ခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းသည် အနုတ်လက္ခဏာပြနေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံစီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

လာမည့်နှစ်အတွက် စီးပွားရေးခန့်မှန်းချက်သည် အနှုတ် ၁ ရာခိုင်နှုန်းဖြစ်နေပြီး အဆိုပါခန့်မှန်းချက်သည် ယခင်ခြောက်လ၏ ခန့်မှန်းချက်ထက် ပိုလျော့နည်းသည့် စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ဖြစ်ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခအခြေအနေများ၊ အခြေခံကုန်စည် ရှားပါးပြတ်လပ်မှုများကြောင့် ကြီးမားသည့်သက်ရောက်မှုများနှင့် ရင်ဆိုင်နေရသည့်အတွက် စီးပွားရေးမျှော် မှန်းချက်သည် အားရဖွယ်မရှိကြောင်း သိရသည်။

ထို့ပြင် စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍအသီးသီးတို့တွင် တိုးတက်မှုမရှိဘဲ ဆက်လက်ကျဆင်းနေမည်ဖြစ်ပြီး၊ မေခရိုစီးပွားရေး မငြိမ်မသက်မှုသည် လာမည့်ခြောက်လအတွင်း ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ကမ္ဘာ့ဘဏ်၏အစီရင်ခံစာအရ သိရသည်။

“ မြန်မာနိုင်ငံရဲ့စီးပွားရေးပေါ်မှာ လက်တလောရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ နိုင်ငံရေးပဋိပက္ခအခြေအနေတွေဟာ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့တာကြောင့် အိမ် ထောင်စုတွေဟာ ကုန်ဈေးနှုန်းတက်တဲ့ဒဏ်နဲ့ လုပ်သားဈေးကွက်အားနည်းမှုဒဏ်တွေကို ခါးစည်းခံနေရတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အ ရေးတကြီးနဲ့လျင်လျင်မြန်မြန်ပံ့ပိုး ဆောင်ရွက်ပေးရမယ်။” ဟု ကမ္ဘာ့ဘဏ်၏ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာလင်ဒါဂွတ်ဒ်က ပြောသည်။

ထို့ပြင် ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်းကြောင့် ပြည်တွင်းထက် လစာနှစ်ဆပိုရသည့် ထိုင်း၊ မလေးရှား၊ ဂျပန်နှင့် ကိုရီးယားသို့ သွားရောက်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိ ရသည်။

ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ရခြင်း၏ အဓိကအကြောင်းအရင်းသည် မြန်မာ့စီးပွားရေး၏ မရောရာမှုအနေအထား၊ နိုင်ငံရေးပဋိပက္ခနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေတို့၏ သက်ရောက်မှုကြောင့်ဖြစ်ပြီး လက်တလော ပြည်ပသို့ရွှေ့ပြောင်း လုပ်ကိုင်သူအများစုသည် တရားမဝင်လမ်းကြောင်းများမှတဆင့် သွားနေကြသည်ကိုတွေ့ရှိရကြောင်း အကြီးတန်း စီးပွားရေးပညာရှင် ကင်မ်အယ်လန် အဒ် ဝပ်က ပြောသည်။

သတင်း/ဓာတ်ပုံ – #စုစု
#ယနေ့ခေတ်

မြန်မာ့စီးပွားရေး အနုတ်လက္ခဏာပြနေဟု ကမ္ဘာ့ဘဏ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.